စိန်မျောက်မျောက် ကာတွန်း ဖန်တီးသူ ကာတွန်းဦးမြေဇာ ကွယ်လွန်

စိန်မျောက်မျောက် ကာတွန်း ဖန်တီးသူ ကာတွန်းဦးမြေဇာ ကွယ်လွန်

ဇူလိုင် ၂၈

စိန်မျောက်မျောက် ၊ရေမြင်းလေး နှင့် နှင်းနှင်းလေး စတဲ့ ကာတွန်းတွေကို အဓိကထားဖန်တီးခဲ့သူ ကာတွန်းဦးမြေဇာ သည် ဇူလိုင်လ ၂၇ ရက် ည ၉နာရီခွဲ အချိန်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါသည်။ 

ကာတွန်း ဦးမြေဇာ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး ရန်ကုန်မြို့တာမွေက သူနေထိုင်ရာ နေအိမ်မှာပဲ ဆုံးပါခဲ့ခြင်း ဖြစ်သည်။

ကာတွန်းဦးမြေဇာကို ၁၉၄၆ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဆင်ဖြူကျွန်းဇာတိ ဖြစ်သည်။  ၁၉၆၆ခုနှစ်တွင် လူထုဦးလှ၊ လူထုဒေါ်အမာတို့ထံတွင် သတင်းစာပညာ၊ စာပေပညာရပ်များကို သင်ကြားခဲ့ သည်။ 

ဦးမြေဇာသည် ၁၉၆၈ခုနှစ်က ကြေးမုံသတင်းစာတွင် တစ်ကွက်ကာတွန်းများနှင့် သရုပ်ဖော်ကာတွန်းများကို စတင်ရေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ကိုယ်ပိုင်ကာတွန်းရေးဟန်များဖြင့် ကာတွန်းအမြောက်အများ ရေးဆွဲအောင်မြင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required