One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန် မင်းသမီး ဒန်နီရဲလ်ကမ်ဘဲလ်နဲ့ တွဲခုတ် လျက်ရှိဟု သတင်းများ ထွက်ပေါ်

One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန် မင်းသမီး ဒန်နီရဲလ်ကမ်ဘဲလ်နဲ့ တွဲခုတ် လျက်ရှိဟု သတင်းများ ထွက်ပေါ်

One Direction  အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်ကို အမေရိကန် သရုပ်ဆောင်မင်းသမီး ဒန်နီရဲ လ်ကမ်ဘဲလ်နှင့်အတူ လော့စ်အိန်ဂျလိစ်မြို့တွင် ဒုတိယအကြိမ်မြောက် တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ် ဦး တွဲနေသည်ဟူသော ကောလဟာလသတင်းများ ထွက်ပေါ်လာခဲ့သည်။

ဒီဇင်ဘာ ၆ ရက်ညက Millions of Milkshakes ဆိုင်တွင် လူးဝစ်ကို “The Originals” ကြယ်ပွင့် ဒန်နီရဲလ်ကမ်ဘဲလ်နှင့်အတူ တွေ့ရှိခဲ့ပုံကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းကြောင့် လူးဝစ်သည် တစ်ယောက်တည်း ကြာကြာမနေနိုင်ကြောင်း ကောလဟာလများကို မြင့်တက်စေသည်။

လူးဝစ်နှင့် ဒန်နီရဲလ်တို့နှစ်ဦး လက်ချင်းတွဲလျက် တွေ့ရှိခြင်းသည် ပထမဆုံးအကြိမ် မဟုတ် ကြောင်းနှင့် လွန်ခဲ့သည့် သီတင်းပတ် နှစ်ပတ်ကလည်း လော့စ်အိန်ဂျလိစ်မြို့ရှိ Bootsy Bellows နှိုက်ကလပ်တွင် ၎င်းတို့နှစ်ဦး အတူ ရယ်မောပျော်ရွှင်နေသည့် ဓာတ်ပုံကို ဒန်နီရဲလ်၏ သူငယ်ချင်းက  မျှဝေခဲ့သည်။

ကမ်ဘဲလ်သည် ၂၀၁၃ ခုနှစ် နောက်ပိုင်းမှစ၍  “The Originals” ဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ “Prison Break” ဇာတ်လမ်းတွဲ အပိုင်း ၅ တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ကမ်ဘဲလ်သည် Disney ကုမ္ပဏီ၏ Prom နှင့် StarStruck ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင် သရုပ်ဆောင်ခဲ့သည်။

လူးဝစ်သည် အလှဖန်တီးရှင် ဘရီအန်နာနှင့် တွဲခဲ့စဉ်က ဘရီအန်နာတွင် ၎င်း၏ ကိုယ်ဝန်ရှိခဲ့ ကြောင်း သြဂုတ်လက အတည်ပြု ပြောကြားခဲ့သည်။ လူးဝစ်သည် ယခုနှစ်အစောပိုင်းက အချိန်ကြာ မြင့်စွာ တွဲလာသော ချစ်သူ အဲလန်နာကိုးလ်ဒါနဲ့ လမ်းခွဲခဲ့ပြီးနောက် အလှဖန်တီးရှင် ဘရီအန်နာနှင့် အပျော်တွဲခဲ့ခြင်း ဖြစ်သည်။

လူးဝစ်က ကလေးအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မကြာသေးမီက ဟောလီးဝုဒ်တွင် အိမ်ကြီး ရခိုင်တစ်လုံးကို ဝယ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required