ဂျူဗင်တပ်စ်အတွက် အကောင်းဆုံးပေးဆပ်သွားမည်ဟု မန်ဇူကစ် ကတိပေး

ဂျူဗင်တပ်စ်အတွက် အကောင်းဆုံးပေးဆပ်သွားမည်ဟု မန်ဇူကစ် ကတိပေး
ဆေးစစ်မှုခံယူရန် တူရင်မြို့သို့ ရောက်ရှိလာသည့် မန်ဇူကစ်။

တူရင်၊ ဇွန် ၂၂။ ။ ဂျူဗင်တပ်စ်အသင်းတွင် ဆေးစစ်မှုခံယူရန် တူရင်မြို့သို့ ရောက်ရှိလာပြီးနောက် ခရိုအေးရှား တိုက်စစ်မှူး မန်ဇူကစ်က ဂျူဗင်တပ်စ်အသင်းသည် ၎င်း၏အိမ်အသစ်ဖြစ်ကြောင်းနှင့် အကောင်းဆုံးပေးဆပ်သွားမည်ဟု ကတိပေး ပြောဆိုလိုက်သည်။

'လက်ရှိ ကျွန်တော့်ရဲ့ ခံစားချက်က အလွန်ကောင်းပါတယ်။ ဒီမြို့က တကယ်ကို သဘောကျစရာကောင်းတဲ့ မြို့ပါ။ ဒီနေရာမှာ နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ လာကစားဖူးပါတယ်။ ဒီမြို့မှာ ကျွန်တော် ပျော်ရွှင်လိမ့်မယ်လို့ ထင်ပါတယ်' ဟု မန်ဇူကစ်က ပြောသည်။

ပရိသတ်အသစ်တွေအတွက် ဘာများ ပြောလိုပါသလဲဟု သတင်းထောက်များက မေးမြန်းခဲ့ရာတွင် 'ကျွန်တော်ပြောနိုင်တာ တစ်ခုကတော့ အကောင်းဆုံးပေးဆပ်ကစားသွားမယ် ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ အသင်းသစ်အတွက် တိုက်ပွဲဝင်သွားမှာပါ။ ဂျူဗင်တပ်စ်အသင်းရဲ့ပရိသတ်တွေက ကြီးကျယ်ခမ်းနားတယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ကျွန်တော်ပျော်ပါတယ်။ အခု ကျွန်တော့်ရဲ့အိမ်အသစ်ကို ရောက်ပါပြီ။ ဘာမှ စိုးရိမ်ပူပန်မှုမရှိပါဘူး။ ကျွန်တော့်ရဲ့ အကောင်းဆုံးစွမ်းရည်တွေနဲ့ ပေးဆပ်သွားမှာပါ' ဟု မန်ဇူကစ်က ပြန်လည်ဖြေကြားခဲ့သည်။

ရည်ညွှန်း ဖွတ်ဘောအီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly