ရေလမ်းကြောင်းပြောင်းလဲသွားသည့် မြစ်သာမြစ်အား တိုင်းတာမည်

ရေလမ်းကြောင်းပြောင်းလဲသွားသည့် မြစ်သာမြစ်အား တိုင်းတာမည်

မုံရွာ၊ ဒီဇင်ဘာ ၈ ။            ။ ရေကြီရေလျှံမှုများကြောင့် ရေလမ်းကြောင်းပြောင်းလဲခဲ့သည့် မြစ်သာမြစ်ကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးတိုင်းတာ သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်ဦးကပြောသည်။

" မြစ်သာဖြစ်နဲ့ချင်းတွင်းမြစ်ဆုံရာကနေ ကလေးမြို့ပြင်သာရွာထိ (၂၅) မိုင်ကို ဦးစားပေး တိုင်းတာမယ်၊ ပြီးရင် ပြင်သာရွာကနေဂန့်ဂေါမြို့ထိ (၁၄၅)မိုင်ကိုဆက်လက်တိုင်းတာသွားမယ်၊ စုစုပေါင်း (၁၅၆) မိုင်ကို အခုတိုင်တာ သွားမယ်၊ပြုပြင်မှုကတော့ လာမည့်ဘဏ္ဍာနှစ်မှ လုပ်ဆောင်သွားမှာပါ"ဟုစစ်ကိုင်းတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးကပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်းတိုင်းတာမှုများပြုလုပ်သွားမည်ဖြစ်ကာ  လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း မြစ်ကြောင်းထိမ်းသိမ်းပြုပြင်ရေး လုပ်ငန်းများဆောင်ရွက် သွားမည်ဖြစ်ကြောင်း
သိရသည်။

အဆိုပါမြစ်သာမြစ်သည် စစ်ကိုင်းတိုင်းဒေသကြီးချင်းတွင်းမြစ်အတွင်းသို့စီးဆင်းဝင်ရောက် သောမြစ်ကြောင်းတစ်ခုဖြစ်ပြီးဇူလှိုင်လနှင့်သြဂုတ်လအတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်ချိန်တွင်စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာကျော်လွန်ကာ(၂၀၅၀)စင်တီမီတာ ကျော်ထိ ရောက်ရှိခဲ့ပြီး ရေလမ်းကြောင်းပြောင်း လဲမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly