ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန် သားလေးမွေးဖွား

ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန် သားလေးမွေးဖွား

ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်နှင့် ကာနေးဝပ်စ်တို့ ဇနီးမောင်နှံသည် ဒီဇင်ဘာ ၅ ရက် နံနက်က ဒုတိယမြောက် ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားခဲ့သည်။ ကင်ကာဒစ်ရှန်က ဒုတိယမြောက် ရင်သွေးလေး မွေးဖွားမည့်ရက်ကို စောင့်မျှော်နေပုံနှင့် ပတ်သက်၍ အကြောင်းအရာများကို Instagram တွင် တင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် သားလေး မွေးဖွားခဲ့ခြင်း ဖြစ်သည်။

“ကာနေးနဲ့ ကျွန်မတို့ သားလေးကို ကြိုဆိုခဲ့ပါတယ်။ မိခင်ရော သားရော နှစ်ယောက်လုံး ကျန်းမာပါတယ်” ဟု ကင်က ၎င်း၏ ဝက်ဆိုက်ဘ်တွင် ရေးသားထားသည်။ ကင်သည် မွေးဖွားမှုနှင့် စပ်လျဉ်း၍ အသေးစိတ် ပြောကြားခြင်း မရှိသေးသည့်အပြင် ၎င်းတို့ ဇနီးမောင်နှံသည် ကလေးငယ်၏ နာမည်ကို ယခုချိန်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ကင်ကာဒစ်ရှန်တို့ ဇနီးမောင်နှံသည် သားငယ်၏ နာမည်ကို ပေးရာတွင် “ South ” စကားလုံး ပါဝင်မည်ဟု လူအများအပြားက ထင်ကြေးပေး ပြောကြားလျက် ရှိသည်။

ကင်ကာဒစ်ရှန်သည် ကွယ်လွန်သွားပြီဖြစ်သော သူမ၏ ဖခင်ရင်းဖြစ်သူရော ဘတ်ကာဒစ်ရှန် ကို ဦးထိပ်ထား ဂုဏ်ပြုသည့်အနေဖြင့် သားငယ်၏ နာမည်တွင် ဖခင်ဖြစ်သူနာမည်ကို ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း အတွင်းလူတစ်ဦးက Us Weekly ကို ပြောကြားခဲ့သည်။

“ကျွန်တော် သိသလောက်ကတော့ ကင်တို့ ဇနီးမောင်နှံဟာ ဖခင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သားငယ်၏ နာမည်အလယ်စာလုံးကို ရောဘတ်ဟု ထည့်သွင်းမှည့်ခေါ်ရန် စီစဉ်နေပါတယ်” ဟု ၎င်းက ပြောကြား သည်။ အိုဂျေဆမ်ဆွန်ဟု နာမည်ကျော်ကြားသော ကင်၏ဖခင် ရှေ့နေ ရောဘတ် သည် ၂၀၀၃ ခုနှစ်က ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီ ဖြစ်သည်။

“ကင်တို့ ဇနီးမောင်နှံဟာ သားလေးမွေးလာတဲ့အခါ ပေးဖို့ နာမည်တွေ ပြုစုထားတာရှိတယ်။ ဒါပေမဲ့ သူတို့ ဘယ်နာမည်ကို ပေးမယ်ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး” ဟု အတွင်းလူက ထပ်လောင်း ပြောကြားသည်။

ကင်တို့ ဇနီးမောင်နှံတွင် နော့ဝပ်စ်အမည်ရှိ အသက် နှစ်နှစ်အရွယ် သမီးငယ်တစ်ဦး ရှိသည်။” ကျွန်မ ဒုတိယမြောက် ရင်သွေးကို နော့ဆိုတဲ့ နာမည်ကို ထပ်ပေးမှာမဟုတ်ပါဘူး။ ကျွန်မ အက်စတန်၊ အက်စတန်ဝပ်စ်ဆိုတဲ့ နာမည်ကို ကြိုက်ပါတယ်။ ကျွန်မ ခင်ပွန်းကတော့ ဒီနာမည်ကို ကြိုက်မယ် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ ဒီနာမည်ကို ကြိုက်ပါတယ်။ ကလေးရဲ့နာမည်မှာ South ဆိုတဲ့ နာမည်ပါမှာ မဟုတ်ပါဘူး။ လူတိုင်းက South လို့ ပြောကြတယ်။ ကျွန်မကတော့ အဲဒါကို မကြိုက်ပါ ဘူး” ဟု ကင်ကာဒစ်ရှစ်က စက်တင်ဘာလက  Ellen DeGeneres အစီစဉ်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly