တပ်ချုပ်ကို သရော်တဲ့ မချောစန္ဒီထွန်းအမှု ဒီဇင်ဘာလ ၁၄ ရက်တွင် စွဲချက်တင်၊ မတင် အမိန့်ချမည်

တပ်ချုပ်ကို သရော်တဲ့ မချောစန္ဒီထွန်းအမှု ဒီဇင်ဘာလ ၁၄ ရက်တွင် စွဲချက်တင်၊ မတင် အမိန့်ချမည်
ဒီဇင်ဘာ ရ ရက်က မအူပင်တရားရုံးတွင် ရုံးထုတ်လာသည့် မချောစန္ဒီထွန်း (ခေါ်) ချစ်သမီးအား တွေ့ရစဉ်။ ဓာတ်ပုံ - ယဉ်မွန်ခိုင်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘုတ် လူမှုကွန် ရက် စာမျက်နှာပေါ်တွင် သရော်ခဲ့သည့်အတွက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အသရေဖျက် မှု ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆို ခံထားရသောမချောစန္ဒီထွန်း(ခေါ်) ချစ်သမီးကို ဒီဇင်ဘာ ၁၄ရက်တွင် စွဲချက်တင်၊ မတင်အမိန့်ချမည်ဖြစ်ကြောင်း အမှုလိုက်လံ ဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

“စွဲချက်တင်သင့်၊ မတင်သင့်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က လူ့အခွင့်အရေးပိုင်း ဆိုင်ရာနဲ့ အဓိကထားပြီး လျှောက်တယ်။ ဒါက လူ့အခွင့်အရေးနဲ့ သက်ဆိုင်တယ်။ ဒီ စွပ်စွဲခံရသူ လုပ်တယ်၊ မလုပ်ဘူး ဆိုတာကိုက သက်သေထင်ရှား မရှိဘူး။ သံသယနဲ့ စွဲချက်တင်နေသလို ဖြစ်နေ တယ်။ သံသယနဲ့တော့ ကျွန်တော်တို့က စွဲချက်တင်လို့ မရဘူးလို့ ကျွန်တော်တို့က လျှောက်ခဲ့တယ်။

ကျွန်တော်တို့ရဲ့ အမြင်နဲ့ တရားရုံးရဲ့ အမြင်ကတော့ တူချင်မှလည်း တူလိမ့်မယ်ပေါ့” ဟု မချောစန္ဒီ ထွန်းရဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က မဇ္ဈိမကို ဖြေကြားခဲ့သည်။ အကယ်၍ မအူပင်တရားရုံးက ဆက်လက် စွဲချက်တင်ခဲ့ပါက မချောစန္ဒီထွန်းအနေဖြင့် ဆက်လက် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး၊ စွဲချက်မတင်ခဲ့ပါက မချောစန္ဒီထွန်းအနေဖြင့် အမှုမှ တရားရှင် လွတ်မည်ဖြစ်ကြောင်းလည်း ဦးရောဘတ် စန်းအောင်က ပြောသည်။

“NLD သာ အစိုးရတက်မယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှုက ဘာမှပြောစရာ မလိုတော့ပါ ဘူး။ အခုထက်တော့ အများကြီး သာမှာပါလို့ ယုံကြည်တယ်” ဟု မချောစန္ဒီထွန်းက ပြောကြားခဲ့သည်။
မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလ ၂၇ ရက်၌ စတင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းကာ ယခုအကြိမ်နှင့် ပါဆိုလျှင် ၆ ကြိမ်မြောက် ရုံးထုတ် စစ်ဆေး ခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required