အစ္စရေးက ဧရာဝတီတိုင်းက လယ်သမားများအတွက် စိုက်ပျိုးရေးနည်းပညာ ပံ့ပိုးမည်

အစ္စရေးက ဧရာဝတီတိုင်းက လယ်သမားများအတွက် စိုက်ပျိုးရေးနည်းပညာ ပံ့ပိုးမည်

ပုသိမ်၊ ဒီဇင်ဘာ ၇ ။ ။ အစ္စရေးနိုင်ငံမှ ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးနည်းပညာ ပံပို့ကူညီရန် အကြမ်းဖျင်း ပြောဆိုထားကြောင့် ရေကြည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြောသည်။

"အခု အစ္စရေးသံအမတ်ကြီးရဲ့ စိုက်ပျိုးရေးနည်းပညာ ရေတိုရေရှည်ပံ့ပို့ပေးမယ်။ အကြမ်းဖျင်း ပြောဆိုထားတယ်၊တောင်သူလယ်သမားတွေအတွက် မြန်မာပညာရှင်တွေရယ်နိုင်ငံခြားပညာရှင်တွေ အရင်ဆွေးနွေးမယ်၊ပြီးရင် ဘယ်လိုစိုက်ပျိုးသင့်တယ်ဆိုတာ ရေတိုရေရှည် ထောက်ပံ့ကူညီပေးသွားမယ်" ဟု ဆွေးနွေးထားမှုကို ရေကြည်မြို့နယ်ကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြန်လည် ပြောသည်။

တောင်သူလယ်သမားများအား စိုက်ပျိုးနည်း ပညာပေးမှုများ ပြုလုပ်ပေးမှာ ဖြစ်သလို ဓာတ်မြေသြဇာများကို လာရောက် လှူဒါန်းပြီး ဧရာဝတီတိုင်းအတွင်း ပိုးကျနေသည့် စပါးစိုက်ခင်းများ၊ ပဲစိုက်ခင်းများကို အစ္စရေးသံအမတ် သွားရောက်ကြည့်ခဲ့သည်ဟု ဒေါက်တာလှမြတ်သွေးက ဆက်လက်ပြောသည်။

"အခုလို ကူညီတာ မြန်မာနိုင်ငံသား တော်တော်များများက စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေလို့ ကူညီတာပါ၊ကျွန်တော်တို့နိုင်ငံက ရေရှားပါးတော့ စိုက်ပျိုးအတွက် ရေကို ထိန်သိမ်းသုံးစွဲရတယ်"ဟု ငါးသိုင်းချောင်းမြို့နယ်ခွဲတွင် ရေဘေးပြန်လည်ခူထောင်ရေးအတွက် ဒီဇင်ဘာလ၄ရက်က ဓါတ်မြေဩဇာ လာရောက်ကူညီပွဲတွင် အစ္စရေးသံအမတ်မှ တောင်သူလယ်သမားများအား ပြောကြားခဲ့သည်။

အစ္စရေးသံအမတ်မှ လက်ရှိတောင်သူလယ်သမားများ စိုက်ပျိုးရေးတွင် ကြုံတွေ့နေရသည့် ပြဿနာများအား မေးမြန်းခဲ့သည်။ 

အစ္စရေးနိုင်ငံသည် မြန်မာနိုင်ငံမှ ကျောင်းသားများကို နှစ်စဉ် အစ္စရေးနိုင်ငံသို့ စိုက်ပျိုးရေးပညာရပ်ကို လုပ်ငန်းခွင်တွင် သင်ကြားလေ့လာနိုင်ရန် ကျောင်းသား ၁၅၀ကို ပညာတော်သင်ဆု ချီးမြှင့်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required