မြန်မာ့ရိုးရာ ဂျပ်ခုတ်ထည် ဖိနပ်တွေကို နိုင်ငံခြားသားတွေ အကြိုက်တွေ့နေပြီလား

မြန်မာ့ရိုးရာ ဂျပ်ခုတ်ထည် ဖိနပ်တွေကို နိုင်ငံခြားသားတွေ အကြိုက်တွေ့နေပြီလား

ရန်ကုန်၊ ဒီဇင်ဘာ ၇ ။              ။ ဈေးကွက်ထဲရှိပြီးသား တစ်ခြားဖိနပ်တွေကြားထဲမှာ ပိုပြီး အမြင်ဆန်းသစ်နိုင်တဲ့ ဒီဖိနပ်တွေဖြစ်ပေါ်လာဖို့က အခက်အခဲနဲ့ စိန်ခေါ်မှုတွေကတစ်ဘက်မှာ ရှိနေတုန်းပါ..ဘာပဲဖြစ်ဖြစ် ဒီဖိနပ်တွေက ကမ္ဘာ့အနောက်ဘက်အခြမ်းကို ခရီးဆန့်ဖို့ တာဆူနေပြီလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွား၊ ဧည့်သည်တွေ အတွက် မြန်မာ့ရိုးရာပစ်တိုင်းထောင်အရုပ်တွေကို အမှတ်တရပစ္စည်းအဖြစ် ရောင်းချရာကနေ အစပြုလို့ မြန်မာ့ရိုးရာ ဂျပ်ခုတ်ထည် ဖိနပ်တွေကိုထုတ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

"မြန်မာပြည်ရဲ့ အိုင်ကွန်တစ်ခုဖြစ်တဲ့ ဆူဗီးနီးယားတစ်ခုလုပ်ဖို့ ကြိုးစားရင်းနဲ့ အမြဲတမ်းတွေးခေါ်နေခဲ့တယ် စဉ်းစားခဲ့တယ်။ စဉ်းစားရင်းနဲ့ ကျတော် ပစ်တိုင်းထောင်လေးတွေ ထုတ်တယ်။ အဲဒီ့နောက်ပိုင်းမှာပစ်တိုင်းထောင်က တဖြေးဖြေးနဲ့ ဈေးကွက်ရလာတယ်ပေါ့။ ဈေးကွက်ရလာတဲ့နောက်ပိုင်းမှာလည်း တဖက်မှာလည်း ကျတော့်မိတ်ဆွေတွေကလည်း အကြံဉာဏ်ပေးတယ်။

လူ့အသုံးအဆောင်လေး တစ်ခုခုထုတ်ပါလားဆိုတော့ consumer behavior factor အရပေါ့နော် ဖိနပ်ပေါ်မှာစိတ်ဝင်စားတဲ့ ရာခိုင်နှုန်းက အမျိုးသမီးထု စိတ်ဝင်စားတဲ့ ရာခိုင်နှုန်းကအရမ်းမြင့်တယ်ပေါ့ အဲဒါကြောင့် ဖိနပ်လေးစမ်းထုတ်ကြည့်ပါလား ဆိုတဲ့ ပေးတဲ့ အိုင်ဒီယာလေးပေါ်မူတည်ပြီး လမ်းစစရှာခဲ့ရင်းနဲ့ ဒီအဆင့်ထိရောက်ခဲ့တာပေ့ါနော်။" လို့ Myanmar's Heart Souvenirs Shop ရဲ့ ဆိုင်ပိုင်ရှင် ဦးစိုးမိုးအောင်က မဇ္ဈိမကို ပြောပါတယ်။

မြန်မာ့ရိုးရာဂျပ်ခုတ်ချည်ထည်တွေကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့ ဖိနပ် ဒီဇိုင်းမျိုးစုံကို မြန်မာနိုင်ငံမှာပဲ အရည်သွေးမြင့် ထုတ်လုပ်ထားတာဖြစ်ပြီး နိုင်ငံတကာဈေးကွက်ကိုပါ ထိုးဖောက်ဖို့ ရည်ရွယ်ထား တာပါ။ ဒါပေမယ့် တိုင်းရင်းသားရိုးရာဂျက်ခုတ်ထည်ဖိနပ် လေးတွေ အပေါ်မှာခံယူထားတဲ့ ကိုစိုးမိုးအောင်ရဲ့ ခံယူချက်ကတော့ ဒီလိုပါ --

"ကျတော် ဖိနပ် ထုတ်တာမဟုတ်ပါဘူးဆူဗီးနီးယားထုတ်နေတာပါ။ မြန်မာပြည် ရဲ့ရောက်လု့ိရှိရင် မြန်မာပြည် ပက်တန်နဲ့ ဆူဗီးနီးယားဖိနပ်လေးဝယ်ရမယ်ဆိုတဲ့ ဆိုက်ကိုလေးတစ်ခု ဖြစ်သွားအောင် ကျတော် ဖန်တီးပြီးတော့ လုပ်နေတာပါ။" လို့ သူက ပြောပြပါတယ်။

တဖက်မှာကလည်းဖိနပ်ပြုလုပ်သူတွေကိုရောင်းတန်းဝင် ပစ္စည်းမျိုးထက် အမှတ်တရပစ္စည်းတစ်ခု ဖြစ်အောင် ပြုလုပ်ဖို့တိုင်ပင်ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဓိကကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ ဂျပ်ခုတ်ထည် ကုန်ကြမ်းရရှိဖို့ကလည်းအခက်ခဲတစ်ခု ဖြစ်နေတယ်လို့ ကိုစိုးမိုးအောင် ကခုလိုရှင်းပြပါတယ်။

"ဂျပ်ခုတ်ထည် ကုန်ကြမ်းရရှိမှုကကျတော့်ရဲ့ Challenge  ဖြစ်ပါတယ်။ raise တစ်ခုလည်းဖြစ်ပါတယ်။  အဲ့အတွက် ပစ္စည်းရရှိမှုကအရမ်းခက်ခဲတယ်။ ဒါကြောင့်မို့ ထုတ်လိုက်တယ်။ ပစ္စည်းကဒီပက်တန်လေးကလှတယ်။ ဒီဖိနပ်လေးကလှတယ်။ ထပ်ပြီးတော့ လိုချင်လို့ရှိရင် အဲ့ပစ္စည်း out of stock ဖြစ်သွားတာမျိုးရှိတယ်။ အဲဒါကတော့ စိန်ခေါ်မှုပေါ့နော်။" လို့ ဦးစိုးမိုးအောင်က ပြောပါတယ်။

ဒီလိုပဲ ပြည်ပကလာရောက်လည်ပတ် သူတွေသာမက ပြည်တွင်းနေထိုင်သူတွေကိုပါ ဆွဲဆောင်နိုင်မယ့် မြန်မာ့ အမှတ်တရပစ္စည့် လေးတွေကကမ္ဘာမှာ တဖြေးဖြေးတော့ နေရာယူလို့လာနေ ပါပီ။ မြန်မာနိုင်ငံအနှံအပြားကဒီလိုမျိုး မြန်မာ့ အမှတ်တရပစ္စည်းလေးတွေကိုထုတ်လုပ်မယ့် ပညာရှင်တွေ အနေနဲ့လည်းဒီထက့် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ရင်ဖြင့် မြန့်မာ့ အမှတ်တရပစ္စည်းရယ်လို့ ကမ္ဘာမှာဝင့်ကြွားနိုင်မှာ အသေချာပဲ ဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly