ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ ဂျက်စတင်ဘီဘာ

ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ ဂျက်စတင်ဘီဘာ

ဆယ်ကျော်သက်များ အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာသည်  Love Yourself  တေးသီချင်းဖြင့် ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

Love Yourself တေးသီချင်းသည် ကြည့်ရှုနားဆင်သူ ၅ ဒသမ ၉၇ သန်းရှိခဲ့ကြောင်းနှင့် ယခင် က ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသော  ဘီဘာ၏ Sorry တေးသီချင်းသည် နံပါတ် ၂ နေရာသို့ ရာက်ရှိခဲ့သည်။

ယခင်က နံပါတ်တစ်နေရာတွင် ရှိခဲ့သော အဒဲလ်၏ Hello တေးသီချင်းသည် နံပါတ် သုံးနေရာ တွင် ရပ်တည်နေပြီး ဘီဘာ၏ What Do You Mean တေးသီချင်းသည် နံပါတ်လေးနေရာတွင် ရပ်တည်လျက် ရှိသည်။

တေးသီချင်းအယ်လ်ဘမ် ဇယားတွင် အဒဲလ်၏ 25 တေးသီချင်း အယ်လ်ဘမ်သည်  နံပါတ် တစ်နေရာကို ဆက်လက် ရယူထားဆဲ ဖြစ်သည်။ 25 တေးသီချင်း အယ်လ်ဘမ်သည် ရောင်းအား   မြှင့်တတ်နေဆဲဖြစ်ပြီး အချပ်ရေ ၄၃၉၀၀၀ ချပ်ရေ စံချိန်တင် ရောင်းချခဲ့ရသည်။

အဒဲလ်၏ 25 တေးသီချင်း အယ်လ်ဘမ်သည် ဗြိတိန်တေးသီချင်း အယ်လ်ဘမ်ဇယား သမိုင်း တွင် ၁၀ ရက်အတွင်း အချပ်ရေသန်းပေါင်းများစွာ ရောင်းချနိုင်ခဲ့သည့် တေးသီချင်း အယ်လ်ဘမ် တစ်ခုဖြစ်ကြောင်း ယခုသီတင်းပတ် အစောပိုင်းက Official Charts ကုမ္ပဏီက ပြောကြားသည်။

အဲလ်ဗစ် ပရက်စ်လေး၏ If I Can Dream တေးသီချင်း အယ်လ်ဘမ်နှင့် ဘီဘာ၏ Purpose  တေးသီချင်း အယ်လ်ဘမ်သည် နံပါတ်နှစ်နှင့် သုံးနေရာတွင် အသီးသီး ရပ်တည်လျက်ရှိပြီး Little Mix အမျိုးသမီး အဆိုတော်အဖွဲ့၏ Get Weird တေးသီချင်း အယ်လ်ဘမ်သည် နံပါတ်နှစ်နေရာမှ လေးနေ ရာသို့ ရောက်ရှိခဲ့သည်။ အဆိုတော် ဂျက်စ်ဂလင်း၏ I Cry When I Laugh  တေးသီချင်း အယ်လ် ဘမ်သည်လည်း နံပါတ်သုံးနေရာမှ နံပါတ်ငါးနေရာသို့ ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required