မင်းသား ယွန်ဆောင်ဟွန်းနှင့် မေဘီတို့ ဇနီးမောင်နှံ သမီးဦးလေး မွေးဖွား

မင်းသား ယွန်ဆောင်ဟွန်းနှင့် မေဘီတို့ ဇနီးမောင်နှံ သမီးဦးလေး မွေးဖွား

ဆိုးလ်၊ ဒီဇင်ဘာ ၆ ။             ။ တောင်ကိုရီးယား မင်းသား ယွန်ဆောင်ဟွန်းနှင့် အဆိုတော် သီချင်းရေးဆရာမ မေဘီတို့ ဇနီးမောင်နှံသည် သမီးဦးလေး မွေးဖွားခဲ့သည်။

ယွန်ဆောင်ဟွန်းသည် “မိန်းကလေး၊ ကိုယ်အလေးချိန် ၃ ဒသမ ၁၆ ကီလိုဂရမ်” ဟု ရေးသား ထားသော ဆေးရုံလက်ပတ်လေးကို ၎င်း၏ Instagram အကောင့်တွင် ဒီဇင်ဘာ ၄ ရက်က တင်ခဲ့ပြီး ဓာတ်ပုံအောက်တွင် “ကျွန်တော်တို့ရဲ့ ကလေးမွေးပြီ” ဟု ရေးသားထားသည်။

ယွန်ဆောင်ဟွန်းနှင့် မေဘီတို့သည် ၂၀၁၄ ခုနှစ် ဇူလိုင်က စတင် တွဲခဲ့ကြပြီးနောက် ဖေဖော်ဝါ ရီလတွင် လက်ထပ်ခဲ့ကြသည်။

ဒီဇင်ဘာ ၄ ရက်သည် မိခင် ဖခင်ဖြစ်သွားသော အနုပညာရှင်များ၏ စိတ်လှုပ်ရှားဖွယ် နေ့တစ် နေ့ ဖြစ်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်က ယွန်ဆောင်ဟွန်းနှင့် မေဘီတို့ သမီးဦးလေး မွေးဖွားခဲ့ပြီး ဟာသ သရုပ်ဆောင် ဂျောင်ဂျူရီသည်လည်း သားဦးလေး မွေးဖွားခဲ့ကြောင်းနှင့် ဆိုရီဟွန်းနှင့် အင်ဂျိုဂျင်တို့ ဇနီးမောင်နှံသည်လည်း သမီးဦးလေးကို မွေးဖွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly