သက်တမ်းလွန်နှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများဖျက်ဆီး

သက်တမ်းလွန်နှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများဖျက်ဆီး
(ဓာတ်ပုံ - ကိုမဲကြီး)

မန္တလေး၊ဒီဇင်ဘာ ၄ ။         ။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သက်တမ်းလွန်နှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်လူသုံးကုန်ပစ္စည်း၊ စိုက်ပျိုးရေးနှင့် ဆိုင်သည့်ပစ္စည်းများ ပါဝင်ပြီး တန်ဖိုးကျပ်သိန်းပေါင်း ၁၇၀၀ ကျော်ကို ဒီဇင်ဘာ ၄ ရက်၊ နံနက်၈နာရီ ၃၀ မိနစ် တွင်အေးရိပ်ငြိမ် သုဿန်တွင်မီးရှို့ဖျက်ဆီးခဲ့သည်။

"ကုမ္ပဏီသုံးခုက လာအပ်တာပါ။ ကုမ္ပဏီတစ်ခုစီက ပစ္စည်း လေးမျိုးငါးမျိုးစီပါဝင်တယ်။ အဲဒီမှာလူသုံးကုန်၊ စားသုံးကုန်နဲ့ဆေးဝါးအစုံပါတယ်။"ဟု စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနစုမှူး ဦးမင်းအောင်စိုး ကပြောသည်။

ဆေးရုံဆေးခန်းများ၊ဆေးအရောင်းဆိုင်နှင့် ကုမ္ပဏီ သုံးခုမှ ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၇၅,၃၅၄,၄၁၂ ကို မီးရှို့ဖျက်ဆီးခဲ့ ခြင်းလည်းဖြစ်သည်။

"ခုမှလုပ်တာမဟုတ်ပါဘူး။ ၆လတစ်ခါမျိုးလုပ်တယ်။ ပြည်သူတွေက ဆေးဝယ်သုံးရာမှာသက်တမ်းလွန်တာ မသိတော့ မဖြစ်သင့်တာတွေဖြစ်နိုင်လို့သုံးဆွဲရန်မသင့် တာကြောင့် ဖျက်ဆီးပါတယ်။ စားသုံးသူလက်ထဲရောက်သွား တာမျိုးမရှိအောင် လုပ်တာပါ။"ဟုစည်ပင်သာယာရေးကော်မတီ၊ကျန်းမာရေးဌာန၊ဌာနခွဲမှူး ဒေါက်တာခင်မောင်ဦးကပြောသည်။
 
"ကျွန်မတို့ကုမ္ပဏီက ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ပြောင်းမျိုးစေ့သက်တမ်းက တစ်နှစ်ခွဲဆိုပေမယ့် သက် တမ်းတစ်နှစ်ကြာ ပြောင်းမျိုးစေ့တွေကိုတောင်သူတွေဆီ မရောင်းဘဲ ယုံကြည်မှုရအောင် မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။သက်တမ်းလွန်မျိုးစေ့တွေက အထွက်နုံးနည်းနိုင်တယ်။"ဟု Green FarmDevelopment ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ မမေသဇင်ကျော် ကပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်၂၀၁၅ခုနှစ်အတွင်း စားသုံးရန်မသင့်သည့် စားသောက်ကုန်များနှင့် သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို ယနေ့အပါအဝင် သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required