ကက်ပီတယ်ဝမ်း ဆီမီးဖိုင်နယ်တွင် မန်စီးတီးနှင့်အဲဗာတန်၊ လီဗာပူးလ်နှင့် စတုခ်စီးတီးတို့ တွေ့ဆုံ

ကက်ပီတယ်ဝမ်း ဆီမီးဖိုင်နယ်တွင် မန်စီးတီးနှင့်အဲဗာတန်၊ လီဗာပူးလ်နှင့် စတုခ်စီးတီးတို့ တွေ့ဆုံ

အင်္ဂလန်၊ ဒီဇင်ဘာ ၃ ။             ။ ကက်ပီတယ်ဝမ်းဆီမီးဖိုင်နယ်ပွဲတွင် မန်စီးတီးအသင်းသည် အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လီဗာပူးလ်အသင်းမှာ စတုခ်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဟားလ်စီးတီးအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရလာသည့် နည်းပြပယ်လီဂရီနီ၏ မန်စီးတီးအသင်းသည် မစ်ဒယ်ဘရော့အသင်းကို ဝ-၂ ဂိုးဖြင့် အနိုင်ရလာခဲ့သည့် အဲဗာတန်အသင်းကို အဝေးကွင်းတွင် ပထမအကျော့ သွားရောက်ရင်ဆိုင်ရမည်ဖြစ်ပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမည်ဖြစ်သည်။

အဲဗာတန်အသင်းကို ၁-၆ ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ရလာသော လီဗာပူးလ်အသင်းမှာ ရှက်ဖီးဝင်းနက်စ်ဒေးအသင်းကို ၂-၀ ဖြင့်အနိုင်ရလာခဲ့သည့် စတုခ်စီးတီးအသင်းကို ဘရစ်တန်နီးယား ကွင်းတွင် ပထမအကျော့သွားရောက် ရင်ဆိုင်ရမည်ဖြစ်ပြီး ဒုတိယအကျော့ကို အန်ဖီးလ်တွင် ကစားရမည် ဖြစ်သည်။

ပထမအကျော့ပွဲစဉ်များကို ၂၀၁၆ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကစားမည်ဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဒုတိယအကျော့ကစားမည် ဖြစ်သည်။

ဆီမီးဖိုင်နယ်ကို တက်ရောက်လာသည့်လေးသင်းတွင် အဲဗာတန်အသင်းမှလွဲ၍ ကျန်သုံးသင်းမှာ ချန်ပီယံဖြစ်ဖူးသည့်အသင်းများဖြစ်သည်။ လီဗာပူးလ်အသင်းမှာ ကက်ပီတယ်ဝမ်းပြိုင်ပွဲတွင် အအောင်မြင်ဆုံးဖြစ်ပြီး ရှစ်ကြိမ်အထိဗိုလ်စွဲထားသည်။ ၂၀၁၂ ခုနှစ်က နောက်ဆုံးဗိုလ်စွဲခဲ့သည်။

လေးသင်းတွင် မန်စီးတီးမှာ ဒုတိယအအောင်မြင်ဆုံးဖြစ်ပြီး သုံးကြိမ်ဗိုလ်စွဲထားကာ ၂၀၁၄ ခုနှစ်က နောက်ဆုံးဗိုလ်စွဲထားသည်။ စတုခ်စီးတီးအသင်းမှာ ၁၉၇၂ ခုနှစ်က တစ်ကြိမ်ဗိုလ်စွဲထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly