ရဲတပ်ဖွဲ့သုံးယာဉ်များ ဝယ်ယူရာတွင် ပြည်ပချေးငွေဖြင့်သာ ဝယ်ယူရန်သာ လမ်းညွှန်ခဲ့ဟုဆို

ရဲတပ်ဖွဲ့သုံးယာဉ်များ ဝယ်ယူရာတွင် ပြည်ပချေးငွေဖြင့်သာ ဝယ်ယူရန်သာ လမ်းညွှန်ခဲ့ဟုဆို

နေပြည်တော်၊ ဒီဇင်ဘာ ၂ ။                 ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သုံးယာဉ်များ ဝယ်ယူရာတွင် ပြည်ပချေးငွေအထောက်အပံ့ဖြင့်သာ ဝယ်ယူရန် လမ်းညွှန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့သုံးယာဉ်များ ဝယ်ယူဖို့အတွက် ပြည်ထဲရေးရေးဝန်ကြီးဌာနသည် အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားစီးပွားရေးနှင့် ဆက်သွယ်ရေးဦးစီဌာနမှ တစ်ဆင့် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်နှင့် ချိတ်ဆက်၍ ချေးငွေရယူရန် ဆောင်ရွက်ခဲ့ကြောင်း ဒီဇင်ဘာလ ၁ရက်က ကျင်းပခဲ့သည့်   ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ဒုဝန်ကြီးဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းက ပြောသည်။    

မော်တော်ယာဉ်များ ဝယ်ယူရန်အတွက် ပြည်ထဲေရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံကုန်သွယ်မှုဘဏ်ဖြင့် ချေးငွေစာချုပ်ကို ၂၈.၈.၂၀၁၅ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြောင်းနှင့် ဝယ်ယူထားသည်   မော်တော်ယာဉ်(၉၈၅)စီးနှင့် ယာဉ်ကြီး(၈)စီးအနက် မော်တော်ယဉ်(၉၈၅)စီးကို ရောက်ရှိလက် ခံထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“အဲ့ဒီအထဲကယာဉ်ငယ်တွေဟာ ဂျပန်နိုင်ငံကနေပြီးတော့ ၂၀၁၄ခုနှစ်ထုတ်တဲ့ ယာဉ်ငယ်များကို ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်၊ ကျန်ယာဉ်(၈)စီးအတွက်ကတော့ လက်ခံနိုင်ရေးဆောင်ရွက်နေဆဲဖြစ်ပြီးတော့ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးအပြတ် လက်ခံနိုင်ရေးဆောင်ရွက်သွားမှာပါ" ဟု ဒုဝန်ကြီးဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

ရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်များဝယ်ယူရာတွင် တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ဘဏ်မှ မော်တော်ယဉ်များ တင်သွင်းမည့် တရုတ်နိုင်ငံအစိုးရပိုင်ကုမ္ပဏီဖြစ်သည့် China National နည်းပညာနှင့် ပို့ကုန်သွင်းကုန်ကုမ္ပဏီအား ပြည်ထဲရေးဝန်ကြီးဌာန ရွေးချယ်၍ မော်တော်ယဉ်ဝယ်ယူပေးရန် အကြောင်းပြန်ကြားခဲ့ကြောင်း ဒုဝန်ကြီးကပြော သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required