အာဆီယံခရီးသွားဖိုရမ်၌ မြန်မာက ခရီးသွားလုပ်ငန်းဆိုင်ရာ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးမည်

အာဆီယံခရီးသွားဖိုရမ်၌ မြန်မာက ခရီးသွားလုပ်ငန်းဆိုင်ရာ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးမည်

နေပြည်တော်၊ ဒီဇင်ဘာ ၂ ။              ။ ၂၀၁၆ ဇန်နဝါရီတွင် ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်မည့် အာဆီယံ ခရီးသွားဖိုရမ်၌ မြန်မာနိုင်ငံက အခြားအာဆီယံ နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊   တောင်ကိုရီးယား နိုင်ငံတို့နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

အဆိုပါ သဘောတူစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံ ၁၀နိုင်ငံကို ကမ္ဘာ့အဆင့်မှီ စံနှုန်းများ ထောက်ပံ့မှုများ၊ ဆွဲဆောင်မှုများနှင့် ပြည့်စုံသည့် တစ်ခုတည်းသော ခရီးစဉ်ဒေသအဖြစ် ခရီးသွားဖွံ့ ဖြိုးမှုကို ဆောင်ရွက်နိုင်ခြင်းနှင့် ခရီးသွားဈေးကွက်မြှင့်တင်နိုင်ခြင်း အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ဒုဝန်ကြီးက ပြောသည်။

ထို့ပြင် အာဆီယံ နိုင်ငံများအကြား ခရီးသွားလုပ်ငန်း နှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် တည်ရှိနေသည့် ကန့်သတ်ချက်များကို လျော့ချနိုင်ခြင်း နှင့် ခရီးသွားလုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေခြင်း နှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုနယ်ပယ်၌လည်း အပြန်အလှန်အ ထောက်အကူ ပြုမှုများ မြှင့်တင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်မှ ၂၅ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် အာဆီယံခရီသွားဖိုရမ်၌ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး သဘောတူစာချွန်လွှာကို တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံ သုံးနိုင်ငံတို့မှ ခရီးသွားဝန်ကြီးများနှင့် အာဆီယံ ၁၀ နိုင်ငံများမှ ခရီးသွားဝန်ကြီးများက လက်မှတ်ရေးထိုးမည်ဖြစ်သည်။

အဆိုပါ သဘောစာချွန်လွှာတွင် ပါဝင်သည့် ပူးပေါင်းဆောက်ရွက်မှု နယ်ပယ်များအတွက် ရန်ပုံငွေကို အဖွဲ့ဝင်နိုင်ငံများမှ ထည့်ဝင်ငွေများနှင့် အခြားသော ရန်ပုံငွေရရှိမှုများမှ ထောက်ပံ့မည်ဖြစ်ကြောင်း၊ ယင်းစာချွန်လွှာအရ ပါဝင်လက်မှတ်ရေးထိုးသည့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရန်ပုံငွေ လိုအပ်ပါက ရန်ပုံငွေကြေးထည့်ဝင်ရမည်ဖြစ်ကြောင်း ခရီးသွားလာရေး ဝန်ကြီးဌာနမှသိရသည်။

ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး သဘောတူစာချွန်လွှာကို မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ခရီးသွားရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁ရက်တွင် ကျင်းပသည့် ပြည် ထောင်စုလွှတ်တာ်အစည်းအဝေး၌ လွှတ်တော်၏ အတည်ပြုချက်ကိုလည်း တောင်းခံထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required