ရန်ကုန်၊ ဒီဇင်ဘာ ၂ ။ ။ အဆိုတော် သရုပ်ဆောင် ချစ်သုဝေသည် ရှမ်းပြည်နယ်ရှိ စစ်ရှောင် စခန်းမှ စစ်ဘေးရှောင် ပြည်သူများထံသို့ ဒီဇင်ဘာ ၁ ရက်က ကိုယ်တိုင် သွားရောက်လှူဒါန်းရန် ရန်ကုန်မှ ထွက်ခွာသွားပြီ ဖြစ်သည်။
"Treza သိပ်ကိုသွားတွေ့ချင်နေတဲ့ ရှမ်းပြည် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူတွေဆီ ဒီနေ့ စတင်ထွက်ခွာပါပြီ" ဟု ချစ်သူဝေက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ပြည်သူများအတွက် သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် လင်းလင်း တို့နှင့် အတူ တခြားသူများကလည်း ပါဝင် လှူဒါန်းပေးထားကြသည်။