ဥရောပ၏လက်ရှိ ဂိုးသွင်းအများဆုံးတိုက်စစ်မှူး အူဘာမီယန်းကို မန်ယူ ခေါ်ယူရန် ပြင်ဆင်နေ

ဥရောပ၏လက်ရှိ ဂိုးသွင်းအများဆုံးတိုက်စစ်မှူး အူဘာမီယန်းကို မန်ယူ ခေါ်ယူရန် ပြင်ဆင်နေ

မန်ချက်စတာ၊ ဒီဇင်ဘာ ၂ ။         ။ မန်ယူအသင်းသည် ဥရောပ၏ လက်ရှိဂိုးသွင်းအများဆုံးတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ပြင်ဆင်လျက်ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်းသည် ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၄ ပွဲ ကစားပြီးချိန်တွင် ၁၇ ဂိုးအထိသွင်းယူထားသည်။ ထိုဂိုးသွင်းနှုန်းမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် ပါဝင်သော စီရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့ထက် ပိုမိုမြင့်မားသလို ပရီးမီးယားလိဂ်တွင် ၁၁ ပွဲဆက်တိုက်ဂိုးသွင်းထားသည့် ဂျေမီဗာဒီ၏ ဂိုးသွင်းနှုန်းထက်လည်း ပိုမိုမြင့်မားလျက်ရှိသည်။

လက်ရှိတွင် အူဘာမီယန်းမှာ ၁၇ ဂိုးဖြင့် ဥရောပ၏ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်လျက်ရှိပြီး ၎င်း၏နောက်တွင် နေမာနှင့် ဗာဒီတို့က ၁၄ ဂိုးစီဖြင့် ရပ်တည်နေသည်။ ဆွာရက်ဇ်မှာ လိဂ်ပြိုင်ပွဲသွင်းဂိုး ၁၂ ဂိုးသွင်းယူထားပြီး စီရော်နယ်ဒိုက ၉ ဂိုး မက်ဆီက ၄ ဂိုး သွင်းယူထားသည်။

မန်ယူအသင်းနည်းပြ ဗန်ဟားလ်သည် အားနည်းနေသည့် တိုက်စစ်အင်အားကို ဖြည့်တင်းရန်အတွက် အူဘာမီယန်းကို ခေါ်ယူလိုလျက်ရှိသည်။ ယခုရာသီတွင် ဗန်ဟားလ်သည် ၎င်း၏ကင်းထောက် များအား အူဘာမီယန်း၏ခြေစွမ်းကို အကြိမ်များစွာ စောင့်ကြည့်စေခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းသည် အာဖရိကအကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် ပါဝင်နေသူလည်း ဖြစ်သည်။

Ref: Daily Mail, 7msports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly