ချယ်လ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို အင်တာမီလန် ကမ်းလှမ်းမည်

ချယ်လ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို အင်တာမီလန် ကမ်းလှမ်းမည်

ဒီဇင်ဘာ ၂၊ လန်ဒန် ။          ။ အင်တာမီလန်နည်းပြ မန်စီနီသည် ချယ်လ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို မက်မောလောက်ဖွယ် နှစ်နှစ်စာချုပ်ဖြင့် ကမ်းလှမ်းသွားမည် ဖြစ်သည်။

အိုင်ဗန်နိုဗစ်၏ လက်ရှိစာချုပ်သည်နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်ပြီး ဇန်နဝါရီတွင် ဘော့စ်မန်စည်းမျဉ်းကိုအသုံးချကာ ပြည်ပအသင်း တစ်သင်းသို့ပြောင်းရွှေ့ရန် ဆွေးနွေးနိုင်မည်ဖြစ်သည်။

ယင်းကစားသမားအနေဖြင့် ခုနစ်နှစ်ကြာကစားလာခဲ့သော ချယ်လ်ဆီးအသင်းတွင်သာဆက်နေလိုသော်လည်း ၎င်းကိုအသင်းက စာချုပ်သစ် ကမ်းလှမ်းလာခြင်း မရှိသေးပေ။ သို့ဖြစ်ရာ အီတလီကလပ် အင်တာမီလန်အသင်းက ၎င်းတို့ကာလရှည်စိတ်ဝင်စားလာသည့် အသက် ၃၁ နှစ်အရွယ်ကစားသမားကို ခေါ်ယူလို လာခြင်းဖြစ်သည်။

အိုင်ဗန်နိုဗစ်ကို ချယ်လ်ဆီးအသင်းတွင်ရနေသောလက်ရှိလစာထက်နှစ်ဆပေးပြီး နှစ်နှစ်စာချုပ်ဖြင့်ကမ်းလှမ်းပါက အောင်မြင်နိုင်မည်ဟု အင်တာမီလန်အသင်းက မျှော်လင့်နေသည်။

ချယ်လ်ဆီးအသင်းသည် အသက် ၃၀ ကျော်ကစားသမားများကို တစ်နှစ်သာစာချုပ်သက်တမ်းတိုးရန် ပေါ်လစီချမှတ်ထားသည်။ အိုင်ဗန်နိုဗစ် ၏ အေးဂျင့်ကလည်း အပြောင်းအရွှေ့ကမ်းလှမ်းမှုများကို တံခါးဖွင့်ထားသည်ဟု ပြီးခဲ့သည့်လက ပြောဆိုထားရာ အင်တာမီလန်၏ မျှော်လင့် ချက်များကို အားတက်စေလျှက်ရှိသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly