ကမ္ဘာ့အကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင် စီရော်နယ်ဒို မပါ၀င်သင့်ဟု နေမာယုံကြည်

ကမ္ဘာ့အကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင် စီရော်နယ်ဒို မပါ၀င်သင့်ဟု နေမာယုံကြည်

ဘာစီလိုနာ၊ ဒီဇင်ဘာ ၂ ။        ။ ဘာစီလိုနာတိုက်စစ်မှူး နေမာက ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်သုံးဦးစာရင်းတွင် ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒို မပါဝင်သင့်ဟု ယုံကြည်လျက်ရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သော ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်သုံးဦးစာရင်းတွင် နေမာသည် မက်ဆီ၊ စီရော်နယ်ဒိုတို့နှင့်အတူ ပထမဆုံးအကြိမ်ပါဝင်လာသူဖြစ်သည်။ စီရော်နယ်ဒိုနှင့် မက်ဆီတို့မှာမူ ရှစ်နှစ်ဆက်တိုက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေသူများဖြစ်သည်။

'ကျွန်တော် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့လို့ ပျော်ပါတယ်။ မက်ဆီက ဒီဆုကို ရပါလိ့မ်မယ်။ ကျွန်တော့်အတွက်တော့ သူက အကောင်းဆုံးကစားသမားပါပဲ' ဟု နေမာက ပြောသည်။

မက်ဆီမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်ရရှိထားသူဖြစ်ပြီး စီရော်နယ်ဒိုမှာ သုံးကြိမ်ရရှိထားသည်။ ပြီးခဲ့သည့်ရာသီက စီရော်နယ်ဒိုမှာ ၎င်း၏ကစားသမားဘဝတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံး(၆၁ ဂိုး) အထိသွင်းယူနိုင်ခဲ့သော်လည်း ဆုဖလားအောင်မြင်မှုမရှိသည့်အတွက် မက်ဆီကသာ ငါးကြိမ်မြော်ကဆုရရှိရန် ရေပန်းစားနေသည်။

'ဒီဆုကို မက်ဆီပဲ ရမှာပါ။ သူက နံပါတ်ဝမ်းလေ။ တကယ်တော့ ဆန်ခါတင်စာရင်းမှာ မက်ဆီရယ်၊ ကျွန်တော်ရယ် ဆွာရက်ဇ်ရယ်ပဲ ဖြစ်သင့်ပါတယ်' ဟု နေမာက ပြောဆိုခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly