နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှု စတင်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှု စတင်
သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို အောက်တိုဘာလ ၃၁ ရက်၊ ၂၀၁၄ ခုနှစ်က နေပြည်တော် သမ္မတရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ)

နေပြည်တော်၊ ဒီဇင်ဘာ ၂ ။               ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ဒီဇင်ဘာလ ၂ ရက် နံနက်က စတင်ကာ တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ္ဋ်က သတင်းစာရှင်လင်းပွဲပြုလုပ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂ ရက်နေ့ တစ်နေ့တည်းမှာပင် နေ့လည် ၂ နာရီ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီသည် အစိုးရတစ်ရပ်ဖွဲနိုင်သည့် ရာခိုင်နှုန်းထက် ကျော်လွန်ကာ အနိုင်ရရှိပြီးနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကို တွေ့ဆုံဆွေးနွေးခွင့် တောင်းခဲ့ခြင်းဖြစ်ပြီး သူရဦးရွှေမန်းနှင့် အစောဆုံး တွေ့ဆုံဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly