ဒူးခေါင်းတွင် ဒဏ်ရာရရှိခဲ့တဲ့ ဆောင်ဂျောင်ကီ

ဒူးခေါင်းတွင် ဒဏ်ရာရရှိခဲ့တဲ့ ဆောင်ဂျောင်ကီ

တောင်ကိုရီးယားမင်းသား ဆောင်ဂျောင်ကီသည် မကြာမီ ထုတ်လွှင့်ပြသမည့် ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား Descendants of the Son  ဇာတ်ကားရိုက်ကူးနေစဉ် ဒူးခေါင်းတွင် ဒဏ်ရာရရှိ ခဲ့ကြောင်း ဇာတ်ကားရိုက်ကူးရေးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ဆောင်သည်  ညာဘက်ဒူးခေါင်းတွင် ရရှိခဲ့သော အရွတ်ဒဏ်ရာမှ ပြန်လည်သက်သာလာစေရန် သီတင်းပတ်ရှစ်ပတ် အချိန်ယူရမည်ဖြစ်ပြီး ကုသမှုကို သီတင်းပတ် နှစ်ပတ်ခန့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဆောင်၏အေဂျင်စီ  Blossom Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ ဆောင်ဟာ စွန့်စားခန်းကို ရိုက်ကူးနေတဲ့ အချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Descendants of the Sun ဇာတ်ကားတွင် ဆောင်သည် ပြည်ပ သို့ စေလွှတ်ခြင်းခံရသော အထူးတပ်ဖွဲ့ဝင်များ ၏ခေါင်းဆောင် အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ Descendants of the Sun  ဇာတ်ကားကို လာမည့်နှစ်တွင် ပွဲဦးထွက် ပြသရန်စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required