တက်ချ်မဟာက ဟိန္ဒိူဂူဗိမာန်ဖြစ်ဟု လျှောက်ထားလာခြင်းကို အစိုးရပယ်ချ

တက်ချ်မဟာက ဟိန္ဒိူဂူဗိမာန်ဖြစ်ဟု လျှောက်ထားလာခြင်းကို အစိုးရပယ်ချ

အိန္ဒိယနိုင်ငံရှိ တက်ချ်မဟာဂူဗိမာန်သည် ဟိန္ဒိူဂူဗိမာန်သာဖြစ်သည်ဟု ရှေ့နေအဖွဲ့တစ်ဖွဲ့က အဆိုတင်လာခြင်းကို အစိုးရက ပယ်ချသည်။

တက်ချ်မဟာအား ဟိန္ဒိူဂူဗိမာန်အဖြစ် အတည်ပြုနိုင်လောက်အောင် မည်သည့်အထောက်အထားမှ မတွေ့ရှိရကြောင်း ယဉ်ကျေးမှုဝန်ကြီး ရှာမာက ပြောသည်။

တက်ချ်မဟာဂူဗိမာန်ကို ဟိန္ဒိူပိုင်အဖြစ် လက်လွှဲပေးသင့်ကြောင်း ပြီးခဲ့သည့်နှစ်က တရားရုံးတစ်ရုံးသို့ အဂရာမြို့ရှိ ရှေ့နေများအဖွဲ့က လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။

၁၇ ရာစုအတွင်းက မွတ်စလင်ဘုရင် Shah Jahan သည် မိဖုရားဖြစ်သူ ကွယ်လွန်ခဲ့သည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ချ်မဟာဂူဗိမာန်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တက်ချ်မဟာသို့ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်ပေါင်းသည် နေ့စဉ် ၁၂၀၀၀ နီးပါးရှိသည်။

တက်ချ်မဟာသည် ဟိန္ဒိူနတ်ဘုရား သျှီဝကို ရည်စူးကာ တည်ဆောက်ထားသည့် ဗိမာန်ဖြစ်ကြောင်း ခိုင်မာသည့် သက်သေအထောက်အထားများရှိသည်ဟု ခြောက်ဦးပါ ရှေ့နေအဖွဲ့က တရားရုံးတွင် လျှောက်ထားပြီး ဟိန္ဒိူဂူဘုရားကျောင်းအဖြစ် ကြေညာပေးရန် တိုက်တွန်းထားခဲ့ခြင်းဖြစ်သည်။

တက်ချ်မဟာဂူဗိမာန်ကို ၁၆၅၃ ခုနှစ်တွင် ဘုရင် Shah Jahan က အပြီးသတ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ တတိယမြောက် ကြင်ယာတော် Mumtaz Mahal က ၎င်းတို့၏ ၁၄ ဦးမြောက် ရင်သွေးတော်အား မွေးဖွားပေးပြီး ကွယ်လွန်ခဲ့ရာမှ တက်ချ်မဟာဂူဗိမာန်အား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly