IS နှင့် ရေနံကုန်သွယ်မှုကို ကာကွယ်ရန် တူရကီက လေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်ဟု မော်စကို စွပ်စွဲ

IS နှင့် ရေနံကုန်သွယ်မှုကို ကာကွယ်ရန် တူရကီက လေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်ဟု မော်စကို စွပ်စွဲ

ပါရီ၊ ဒီဇင်ဘာ - ၁ ။          ။ မော်စကိုအနေဖြင့် တူရကီက အိုင်အက်စ်နှင့် ရေနံကုန်သွယ်နေမှုကို ကာကွယ်ရန်အတွက် ရုရှလေယာဉ်ကို ပစ်ချလိုခြင်းဖြစ်သည်ဟူသော ပြောဆိုချက်ကို သက်သေပြနိုင်ပါက နှုတ်ထွက်ပေးမည်ဟု တူရကီသမ္မတ ရီဆက် တေးယစ် အာဒိုဂန်က ပြောကြားလိုက်သည်။

‘ဒီလိုပြောဆိုချက်မျိုးကို သက်သေပြနိုင်တာနဲ့ ကျနော်တို့ နိုင်ငံရဲ့ အဆင့်အတန်းအရ ကျနော် နှုတ်ထွက်ပေးဖို့ လိုအပ်ပါတယ်’ဟု အာဒိုဂန်က နိုဝင်ဘာ ၃၀ရက်နေ့က ပါရီတွင် ကျင်းပသွားခဲ့သည့် ရာသီဥတုပြောင်းလဲမှုညီလာခံတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အကယ်၍ စွပ်စွဲချက်များ မမှန်ကန်ပါက ရုရှသမ္မတ ဗလာဒီမီယာပူတင်အနေဖြင့် နှုတ်ထွက်ပေးသင့်ကြောင်းလည်း အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့သည်။ ‘စွပ်စွဲချက်တွေ မမှန်ဘူးဆိုရင် မစ္စတာ ပူတင် ဆက်ရှိနေဦးမှာလားလို့ ကျနော်မေးချင်ပါတယ်’’ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

လေယာဉ်မှူးသေဆုံးခဲ့ရသည့် နိုဝင်ဘာ ၂၄ ရက်နေ့က ဆီးရီးယားနယ်စပ်အနီးတွငက် ရုရှတိုက်လေယာဉ်ကို တူရကီက ပစ်ချမှုပြီးနောက် နှစ်နိုင်ငံကြား စကားလုံးစစ်ပွဲမှာ အရှိန်အဟုန်မြင့်လာခဲ့သည်။ တူရကီက လေယာဉ်မှာ ၎င်း၏ လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်ဟု ပြော၍ ရုရှကမူ အိုင်အက်စ်ပစ်မှတ်များကို ဗုံးကြဲနေခြင်းဖြစ်သည်ဟု ပြောသည်။

နိုဝင်ဘာလ ၃၀ရက်နေ့က ပူတင်က လေပိုင်နက်ကို ကာကွယ်သည့်အနေဖြင့် လေယာဉ်ကို ပစ်ချလိုက်ရသည်ဆိုသည့် တူရကီ၏ ပြောဆိုချက်မှာ ဆင်ခြေတစ်ခုမျှသာဖြစ်သည်ဟု ပူတင်က စွပ်စွဲခဲ့သည်။

‘အိုင်အက်စ်ထိန်းချုပ်ထားတဲ့ နေရာတွေဆီက ရေနံတွေကို တူရကီထံ လုပ်ငန်းသုံးပမာဏအထိ အမြောက်အများ ရောင်းချနေတယ်ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်’’ဟု ပူတင်က ပြောကြားခဲ့သည်။

 ‘ကျနော်တို့ရဲ့ လေယာဉ်ကို ပစ်ချဖို့ ဆုံးဖြတ်ရတာဟာ ရေနံတွေကို စည်တင်ကားတွေပေါ် အတင်အချလုပ်တဲ့ ဆိပ်ကမ်းတွေဆီသွားတဲ့ လမ်းကြောင်းတွေကို ကာကွယ်ချင်တဲ့ ရည်ရွယ်ချက်လို့ သံသယရှိစရာ အချက်အလက်တွေ တွေ့ရှိထားပါတယ်’’ဟု ပူတင်က ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

သို့ရာတွင် ယင်းပြောဆိုချက်မှာ မမှန်ကန်ကြောင်း အာဒိုဂန်က ပြန်လည်ခြေပထားသည်။ ‘ကျနေုာ်တို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဘယ်နေရာက တရားဝင်ဝယ်ယူနေသလဲဆိုတာ အသိသာကြီးပါ။ ကျနော်တို့ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အရာင်းအဝယ်လုပ်ရလောက်အောင် ဂုဏ်သိက္ခာမမဲ့ပါဘူး’ဟု အာဒိုဂန်က ပြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required