စစ်သွေးကြွများဝင်ရောက်လာခြင်းကို ဟန့်တားရန် အမေရိကန်က ဗီဇာလျော့ပေါ့သည့် အစီအစဉ်ကို တင်းကြပ်

စစ်သွေးကြွများဝင်ရောက်လာခြင်းကို ဟန့်တားရန် အမေရိကန်က ဗီဇာလျော့ပေါ့သည့် အစီအစဉ်ကို တင်းကြပ်

ပါရီ၊ ဒီဇင်ဘာ - ၁ ။         ။ အမေရိကန်ပြည်ထောင်စုတွင် ပါရီကဲ့သို့ အလားတူတိုက်ခိုက်မှုကို တားဆီးရန် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် စစ်ဇုန်များကို သွားရောက်ခဲ့သူများ အမေရိကန်သို့ ထွက်ခွာသည့် လေယာဉ်များပေါ် အလွယ်တကူ လိုက်ပါမလာစေနိုင်ရန်အတွက် အစိုးရ၏ ပြည်ဝင်ခွင့်ဗီဇာ စိစစ်သည့် အစီအစဉ်ကို အပြောင်းအလဲများ ပြုလုပ်ထားကြောင်း အိမ်ဖြူတော်က နိုဝင်ဘာလ ၃၀ ရက်နေ့က ကြေညာခဲ့သည်။

သို့ရာတွင် ခရီးသည်၏ ကိုယ်ရေးအချကပ်အလက် တိုက်ဆိုင်စစ်ဆေးရန်နှင့် ပျက်ကွက်သည့် လေကြောင်းလိုင်းများကို မြင့်မားသော ဒဏ်ကြေးတပ်ခြင်းနှင့် နိုင်ငံများအကြား သတင်းအချက်အလက် တိုးမြှင့်မျှဝေမှုများ ပါဝင်သည့် အရေးယူဆောင်ရွက်ချက်အသစ်များမှာ ယခုလက်ရှိတွင် အကန့်အသတ်ရှိနေပြီး နောက်ထပ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်နိုင်ရန်အတွက် ကွန်ဂရက်က ဥပေဒပြု ပြဌာန်းပေးရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်အာဏာပိုင်များက အသိအမှတ်ပြု ဝန်ခံခဲ့သည်။

ဗီဇာပရိုဂရမ်ကို တင်းကျပ်ရန်အတွက် ပိုမိုထိရောက်သော ဥပဒေတစ်ရပ်ကို အဆိုပြုတင်သွင်းမည်ဖြစ်ကြောင်း ရီပတ်ဘလီကင် ကွန်ဂရက်ခေါင်းဆောင်များက နိုဝင်ဘာလ ၃၀ရက်နေ့က ကြေညာ ခဲ့သည်။

‘ဥရောပကို ဝင်လာနေတဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေရဲ့ အန္တရာယ်က ပိုကြီးလာတာကို တွေ့နေရတယ်’ဟု အိမ်ဖြူတော် လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး ဘင်ဂျမင် ဂျေရိုဒီးစ် က ပြောကြာခဲ့သည်။

ဥပဒေစိုးမိုးရေး ကျွမ်းကျင်သူများနှင့် အာဏာပိုင်များ၏ ပြောကြားချက်အရ ဥရောပကမ္ဘာလှည့်များနှင့် မိတ်ဆွေနိုင်ငံများမှ လည်ပတ်သူများကို လွတ်လပ်စွာ စီးဝင်လာနိုင်စေရန် ဖြေလျော့ပေးသည့် အထူးအစီအစဉ်တစ်ခုဖြစ်သည့် ဗီဇာလျော့ပေါ့အစဉ် (visa-waiver program)မှာ နိုင်ငံအတွင်းသို့ ဆီးရီးယားဒုက္ခသည် ၁၀၀၀၀၀င်ခွင့်ပြုမည့် အပြင်းအထန် ဝေဖန်ခံနေရသော အိုဘားမား၏ စီမံကိန်း ထက်ပင် နိုင်ငံတော်လုံခြုံရေးကို ပိုမိုခြိမ်းခြောက်နေသည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၃ရက်နေ့က ပါရီတိုက်ခိုက်ှုများကို အကွက်ချလုပ်ဆောင်ခဲ့ကြသည့် အစွန်းရောက်များမှာ ဆီးရီးယားနိုင်ငံသားများမဟုတ်ကြဘဲ ဗီဇာယူမရဘဲ (သို့မဟုတ်) လက်ရှိ ဒုက္ခသည်များ ရင်ဆိုင် ကြုံတွေ့နေရသည့် လုံခြုံရေးစောင့်ကြည့်စစ်ဆေးမှုကို မဖြတ်သန်းရဘဲ အမေရိကန်ပြည်ထောင်စုသို့ လွတ်လပ်စွာ ပျံသန်းနိုင်ကြသည့် ဥရောပနိုင်ငံသားများပင်ဖြစ်သည်။

ဗီဇာလျော့ပေါ့ရေးပရိုဂရမ်က တစ်နှစ်လျှင် နိုင်ငံခြားသား ၂၀သန်းကို အမေရိကန် ကောင်စစ်ဝန်ရုံးများနှင့် သံရုံးများတွင် အစစ်ဆေးအမေးမြန်းမခံရဘဲ လာရောက်ခွင့်ပြုနေသောကြောင့် ဒုက္ခသည် စီမံကိန်းမှာ ယင်းနှင့် နှိုင်းယှဉ်ပါက အပရိကမျှသာ ဖြစ်သည်။ ဗီဇာလျော့ပေါ့ရေးပရိုဂရမ်တွင် နိုင်ငံပေါင်း ၃၈နိုင်ငံ အကြုံးဝင်နေရာ ဥရောပနိုင်ငံများအပြင် ဂျပန်၊ သြစေတြးလျ၊ ချီလီနှင့် နယူးဇီလန် ကဲ့သို့သော မဟာမိတ်နိုင်ငံများလည်း ပါဝင်နေသည်။  

လူတွေ့ မေးမြန်းမှုများ၊ ရံခါ တစ်နှစ်ကျော်ကြာတတ်သည့် နောက်ခံသမိုင်းကြောင်းစစ်ဆေးမှုများ လိုအပ်သည့် ဒုက္ခသည်များကို စစ်ဆေးမှုနှင့်မတူ တမူခြားနားသည့် ဗီဇာလျော့ပေါ့ရေးပရိုဂရမ်က အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာလာသည့် ခရီးသည်များကို နောက်ကြောင်းရှင်းလင်းရန်အတွက် ကွန်ပျူတာပရိုဂရမ်များအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေသည်။ ၂၀၁၂ခုနှစ်က တရားဝင်ကိန်းဂဏန်းများအရ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသည့် ခရီးသည်များ၏ ၂ရာခိုင်နှုန်း ၃၆၄၀၀၀ယောက်မှာ စစ်ကြောမေးမြန်းမှုများကို မဖြတ်သန်းရဘဲ နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။   

ပါရီတိုက်ခိုက်မှုများအပြီးတွင် အိုင်အက်စ်အကြမ်းဖက်သမားများကို အသုံးချအမြတ်ထုတ်နိုင်သောကြောင့် အမေရိကန်ပြည်ထောင်စုသို့ ဆီးရီးယားဒုက္ခသည် ၁၀၀၀၀၀ ဝင်ခွင့်ပြုမည့် အစီအစဉ်အပေါ် လွှတ်တော်အမတ်များနှင့် ရီပတ်ဘလီကင်သမ္မတလောင်းများက အထူး အာရုံစိုက်လာခဲ့ကြသည်။

ပါရီတိုက်ခိုက်မှုများတွင် သေဆုံးခဲ့ရသည့် စစ်သွေးကြွများအနက် အနည်းဆုံး တစ်ယောက်မှာ ဒုက္ခသည်ယောင်ဆောင်ပြီး ဆီးရီးယားမှ ဥရောပသို့ ဝင်ရောက်လာခြင်းဖြစ်နိုင်သောကြောင့် ဖြစ်ည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required