မြန်မာစစ်တပ်က ကလေးစစ်သား ၅၃ ဦး လွှတ်ပေး

မြန်မာစစ်တပ်က ကလေးစစ်သား ၅၃ ဦး လွှတ်ပေး

လူသစ်စုဆောင်းခံရပြီး စစ်တပ်တွင် တာဝန်ထမ်းနေရသည့် ကလေးစစ်သား ၅၃ ဦးကို မြန်မာနိုင်ငံက ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

 ၂၀၁၅ ခုနှစ်တွင် ပြန်လည်လွှတ်ပေးခဲ့သည့် ကလေးစစ်သားဦးရေ ၁၄၆ ဦး ရှိသွားပြီဖြစ်သည်။

၂၀၁၂ ခုနှစ်ကစကာ မြန်မာ့တပ်မတော်က ကုလသမဂ္ဂနှင့် သဘောတူလက်မှတ်ထိုးထားခဲ့သည့် Joint Action Plan အရ စစ်တပ်တွင်း ကလေးစစ်သားအသုံးပြုမှုနှင့် စုဆောင်းမှုများကို နိဂုံးချုပ် မလုပ်ဆောင်တော့ကြောင်း လက်မှတ်ရေးထိုးထားလိုက်ချိန်မှစကာ ပြန်လည်လွှတ်ပေးသည့် ကလေးစစ်သားပေါင်း ၆၉၉ ဦးရှိသွားပြီဖြစ်သည်။

"စစ်တပ်တစ်တပ်အနေနဲ့ ကလေးစစ်သားမရှိထားရဘူး။ ဒါကို အားလုံးသောပါတီအဖွဲ့အစည်းတိုင်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားဆဲ ပဋိပက္ခတွေကနေ ကလေးငယ်လေးတွေဆီမှာ မခံစားရစေဖို့ တာဝန်ရှိကြ ပါတယ်။"ဟု မြန်မာနိုင်ငံတွင်ရှိသည့် ကုလသမဂ္ဂကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားရေး ညှိနှိုင်းဆောင်ရွက်ရေးအရာရှိနှင့် စောင့်ကြည့်ရေးလုပ်ငန်းများနှင့် အစီရင်ခံရေးလုပ်ငန်းများ အထူး ညှိနှိုင်းဆောင်ရွက်ရေးမှူး Renata Lok-Dessallien က ပြောကြားသည်။

ဖြည့်စွက်ချက်အနေဖြင့် ကုလသမဂ္ဂက မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ကို ကလေးစစ်သား စုဆောင်ခြင်းနှင့် အသုံးချမှုများ ရှိနေခြင်းတွင် စာရင်းသွင်းထားသည်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ယင်းကိစ္စရပ်အပေါ် စတင်ဆွေးနွေးနေပြီး ယင်းသို့ ကလေးစစ်သားများ အသုံးပြုမှု ရပ်တန့်ရေး နှင့် အသက် ၁၈ နှစ်အောက် ကလေးငယ်များအား စစ်တပ်လက်နက်ကိုင်တပ်များအတွင်း စုဆောင်းခြင်းများကို ကာကွယ်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံက အသက်မပြည့်သေးဘဲ စစ်မှုထမ်းနေရသည့် ကလေးစစ်သားဦးရေကို မခန့်မှန်းနိုင်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောထားသည်။ မြန်မာစစ်တပ်တွင် ကလေးစစ်သားဦးရေ သုံးသိန်းမှ သုံးသိန်းခွဲကြား ရှိမည်ဟု ပညာရှင်များက ခန့်မှန်းပြီး စစ်တပ်ကမူ အချက်အလက်ဦးရေနှင့်ပတ်သက်ပြီး ထုတ်ပြန်ထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required