စစ်ကိုင်းမြို့အနီး အင်အား ၅.၄ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်

စစ်ကိုင်းမြို့အနီး အင်အား ၅.၄ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ၂၇ ။         ။ ယနေ့ ညနေ့ ၃ နာရီ ၄ မိနစ်အချိန်တွင် မုံရွာမြို့၏ အနောက်မြောက် ၃၅မိုင်ခန့်အကွာ၊ မန္တလေးမြေငလျင်စခန်း၏ အနောက်မြောက် မိုင် ၉၀ခန့်အကွာတွင် အင်အား ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန၊ မြေငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

စစ်ကိုင်းမြို့သို့ရောက်ရှိနေသော ကိုမျိုးဇော်ဦး ကလည်း "လှုပ်သွားတာက ဆယ်စက္ကန့်လောက်ပဲ ကြာလိုက်တယ်။ အင်အားကတော့ သိပ်မပြင်းပါဘူး။ ဘာမှထိခိုက်တယ်လို့တော့ မကြားမိပါဘူး။ လှုပ်သွားတယ်ဆိုတာတော့ သိလိုက်ကြတယ်ဗျ။ ဘုရားစင်က ပန်းအိုးတွေလှုပ်တယ်၊ ထမင်းစားနေတဲ့ စားပွဲကြီးလှုပ်သွားတယ်" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required