အိုင်အက်စ်ကိုတိုက်ခိုက်ရန် လေယာဉ်များနှင့် စစ်သင်္ဘောတို့ကို ဂျာမနီက ပြင်သစ်ကို ကူညီမည်

အိုင်အက်စ်ကိုတိုက်ခိုက်ရန် လေယာဉ်များနှင့် စစ်သင်္ဘောတို့ကို ဂျာမနီက ပြင်သစ်ကို ကူညီမည်

ဘာလင်၊ နိုဝင်ဘာ ၂၇ ။             ။ အိုင်အက်စ်စစ်သွေးကြွအုပ်စုကို တိုက်ခိုက်ရေးအတွက် တော်နေဒိုးထောက်လှမ်းရေးဂျက်လေယာဉ်များ၊ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်း၊   ကောင်းကင်ဆီဖြည့်   ပေးခြင်းနှင့် ဂြိုဟ်တုပုံရိပ်များကို ဂျာမနီက ပြင်သစ်ကို ပေးအပ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၆တွင် ပြောကြားသည်။

"ပြင်သစ်ဟာ အိုင်အက်စ်ရဲ့ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလိုလူမဆန်တဲ့တိုက်ခိုက်မှုဟာ ကျွန်တော်တို့ ဒါမှမဟုတ် တခြားလူ့အဖွဲ့အစည်းတွေကိုလည်း အချိန်မရွေးတိုက်ခိုက်နိုင်တယ်လို့ ကျွန်မတို့ သိထားပါတယ်"ဟု အာဆူလာဗွန်ဒါလေယန်းက စစ်ရေးထောက်ပံ့ကြောင်းကြေညာစဉ် ပြောကြားခဲ့သည်။

သို့သော်လည်း ကမ်းလှမ်းချက်မှာ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်၏ ကက်ဘိနက်က တရားဝင်အတည်ပြုချက်နှင့် ပါလီမန်၏ ထောက်ခံချက်လိုအပ်သေးသည်။ သို့သော်လည်း မာကယ်၏ ညွန့်ပေါင်းမှာ ပါလီမန်တွင် အများစုဖြစ်သည်။

ဆီးရီးယားရှိ အိုင်အက်စ်အုပ်စုကို တိုက်ခိုက်ရာတွင် ၎င်း၏ အနီးဆုံးအီးယူမဟာမိတ်အတွက် မည်သို့ကူညီမည်ကို သိပ်မကြာခင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပါရီတွင် ရောက်ရှိစဉ် မာကယ်က ကတိပြုခဲ့ပြီး လုံခြုံရေးတာဝန်ယူရသည့် ကက်ဘိနက်ဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ယခုကမ်းလှမ်းချက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ခက်ခဲသော်လည်း မှန်ကန်သည့် လိုအပ်သည့် လုပ်ဆောင်ချက်များအပေါ် သဘောတူညီမှုရရှိခဲ့သည်ဟု ရိုင်းစတက်အဆောက်အအုံရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဗွန်ဒါလေယန်းက   ပြောသည်။ ယင်းသို့ပြောစဉ် နံဘေးတွင် နိုင်ငံခြားရေးဝန်ကြီး ဖရန့်ခ်ဝေါလ်တာစတိန်းမေယာလည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required