တေးအယ်လ်ဘမ်သစ် အရောင်းမြှင့်တင်ရေးကို ရွှေ့ဆိုင်းလိုက်တဲ့ ရိန်း

တေးအယ်လ်ဘမ်သစ် အရောင်းမြှင့်တင်ရေးကို ရွှေ့ဆိုင်းလိုက်တဲ့ ရိန်း

ဆိုးလ်၊ နိုဝင်ဘာ ၂၆  ။           ။ တောင်ကိုရီးယား အဆိုတော် ရိန်းသည် ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကြောင့် တေးအယ်လ်ဘမ်သစ် အရောင်းမြှင့်တင်ရေးကို ရွှေ့ဆိုင်းခဲ့သည်။

“ ရိန်းဟာ ဒီဇင်ဘာလမှာ ပြန်လာဖို့စဉ်းစားထားတယ်။ ကမ္ဘာလှည့်ဖျော်ဖြေပွဲကြောင့် ပြန်လာဖို့ ရွှေ့ဆိုင်းခဲ့ရတယ်။ ဒါပေမဲ့ အရည်သွေးကောင်းတဲ့ တေးအယ်လ်ဘမ်သစ် ထွက်ဖို့ဆုံးဖြတ်ချက် ချခဲ့တယ်။ ရိန်းဟာ လာမယ့် ပထမ နှစ်ဝက်မှာ ပြန်လာမှာပါ ”ဟု ရိန်းကုမ္ပဏီမှ အတွင်းလူတစ်ဦးက ပြောကြားသည်။

ရိန်းသည် ၎င်း၏ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကြောင့် ပြန်လာဖို့ကို ရွှေ့ဆိုင်းခဲ့ရကြောင်း နှင့် လာမည့်နှစ် မတ်လထိ ကမ္ဘာလှည့်ဖျော်ဖြေပွဲရှိခြင်းကြောင့် တေးသီချင်းအယ်လ်သစ် အရောင်းမြှင့်တင်ရေးအတွက် အခက်အခဲများရှိမည်ဖြစ်သည်။

” ရိန်းရဲ့ တေးအယ်လ်ဘမ်သစ်ဟာ အချိန်ကြာမှ ထွက်ရှိတဲ့ တေးအယ်လ်သစ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာလှည့်ဖျော်ဖြေပွဲကြောင့် တေးအယ်လ်ဘမ်သစ်ကို အရောင်းမြှင့်တင်ရေးလုပ်ဖို့ အချိန်မလုံလောက်တော့ပါဘူး။ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြီးသွားရင်တော့ ရိန်းဟာ ကိုရီးယားဈေးကွက်ကို အဓိကထား လုပ်ဆောင်သွားဖို့ မျှော်မှန်းထားတယ်။တေးအယ်လ်ဘမ်သစ်ကိုလည်း အရည်သွေးမြှင့်တဲ့ တေးအယ်လ်ဘမ်အဖြစ် ထွက်ရှိဖို့ မျှော်မှန်းထားတယ်”ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required