လီဗာပူးလ်အသင်း၏ ဦးဆောင်သူဖြစ်လာရန် လိုဗရန်ဆန္ဒရှိနေ

လီဗာပူးလ်အသင်း၏ ဦးဆောင်သူဖြစ်လာရန် လိုဗရန်ဆန္ဒရှိနေ

နိုဝင်ဘာ ၂၆၊ လီဗာပူးလ် ။           ။ အသင်းတွင်နေရာပြန်ရလာပြီးနောက် လီဗာပူးလ်နောက်ခံလူ လိုဗရန်က ၎င်းသည်အသင်း၏ ဦးဆောင်သူတစ်ဦး ဖြစ်ကြောင်းပြသနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

လိုဗရန်သည်ပြီးခဲ့သည့်နှစ်ဇွန်လတွင် ဆောက်သမ်တန်မှပေါင်သန်း ၂၀ ဖြင့်ပြောင်းလာပြီးနောက် လီဗာပူးလ်တွင်အနိမ့်မြင့်အတက်ကျများ ကြုံခဲ့ရပြီး အမှားတစ်ချို့ကြောင့် စက်တင်ဘာလအတွင်း အရန်ခုံသို့ ပို့ခံခဲ့ရသည်။

သို့သော်အသင်းဖော် ဗဟိုနောက်ခံလူ ဆာခိုဒဏ်ရာရသွားပြီးနောက် အသက် ၂၆ နှစ်အရွယ်ခရိုအေးရှားလက်ရွေးစင်သည် နေရာပြန်ရလာခဲ့ ပြီး မန်စီးတီးကို ၄-၁ ဖြင့်နိုင်သည့်ပွဲတွင်   ခြေစွမ်းပြနိုင် ခဲ့သည်။လီဗာပူးလ်အသင်းအတွက် ပွဲ ၅၀ ပြည့်သွားသည့်လိုဗရန်က ပွဲထွက်ခွင့်ရသည့်အခွင့်ရေးကို ဆက်လက်ဆုပ်ကိုင်သွားရန် ဆုံးဖြတ်ထားသည်။

"အတက်အကျတွေရှိခဲ့ပေမယ့် လက်ရှိအချိန်ကသာ အရေးကြီးဆုံးပဲ။ အသင်းနဲ့အံဝင်အောင်ကစားနိုင်ပြီး ပျော်နေတယ်လို့ခံစားရပြီး ကျွန်တော်တို့အသင်း ကစားပုံလဲကောင်းနေတယ်။
ကျွန်တော်ဦးဆောင်သူ တစ်ယောက်ဖြစ်ဖို့ ဒီကိုလာခဲ့တာဖြစ်ပြီး ဖြစ်နိုင်တယ်လို့လည်း ထင်နေတုန်းပဲ။ ပွဲထဲမှာ အော်ဟစ်ပြောနေရတာကို ကျွန်တော်ကြိုက်တယ်။ အဲဒါမှ ပိုအာရုံစိုက်နိုင်မယ်လို့လည်း ယူဆတယ်"ဟု လိုဗရန်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly