ကမ္ဘာလုံးဆိုင်ရာပူနွေးမှု တိုက်ဖျက်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဂျပန်က ဒေါ်လာ ၁၀ ဒသမ ၆ ဘီလျံကူညီမည်

ကမ္ဘာလုံးဆိုင်ရာပူနွေးမှု တိုက်ဖျက်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဂျပန်က ဒေါ်လာ ၁၀ ဒသမ ၆ ဘီလျံကူညီမည်

တိုကျို၊ နိုဝင်ဘာ ၂၆ ။            ။ လာမည့်သီတင်းပတ်တွင် ပါရီ၌ ပြုလုပ်မည့် ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာဆွေးနွေးပွဲများ မတိုင်မီ ကမ္ဘာလုံးဆိုင်ရာပူနွေးမှုကို တိုက်ဖျက်မည့်ပေါ်လစီများကို အကောင်အထည်ဖော်နိုင်စေရန် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ၂၀၂၀ပြည့်နှစ်တွင် ဂျပန်က ဒေါ်လာ ၁၀ဒသမ၆ဘီလျံ ကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုဝင်ဘာ ၂၆ တွင် ကတိပြုလိုက်သည်။

၂၀၁၃နှင့် ၂၀၁၄က အလားတူ ရည်မှန်းချက်အတွက် အကြမ်းဖျင်းအားဖြင့် ယန်း ၂ ထရီလီယံ ဂျပန်က ပေးအပ်ပြီးနောက် ဒေါ်လာ ၁၀ဒသမ၆ဘီလျံ ကူညီမည့် ဆုံးဖြတ်ချက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပေးအပ်မည့်ငွေကြေးတွင် တစ်နှစ်ကြာကာလရှည်ကြာနိုင်သော်လည်း မည်သည့်နှစ်ဟု အတိအကျမဖော်ပြခဲ့ပေ။ သို့သော်လည်း ၂၀၂၀ပြည့်နှစ်တွင် အပြီးပေးအပ်မည်ဟု သိရသည်။

ရာသီဥတုပြောင်းလဲမှုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တက်ကြွစွာပါဝင်မှုကို ဂျပန်က အားပေးလိုကြောင်းလည်း အာဘေးက ၎င်း၏ ကက်ဘိနက်အဖွဲ့ဝင်များနှင့် ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးတစ်ခုတွင်   ပြောကြားခဲ့သည်။

ကတိပြုထားသော ငွေကြေးကို ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍများမှ ထောက်ပံ့မည်ဖြစ်သည်ဟု ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှိဟီဒေးဆူဂါက ပြောသည်။

အာဘေးသည် ပါရီတွင် ကျင်းပမည့် ကုလရာသီဥတုကွန်ဖရင့်တွင် ကတိပြုထားသည့် အကြောင်းအရာအသေးစိတ်ကို ကြေညာမည်ဟု ဆူဂါက ပြောသည်။ ပါရီကွန်ဖရင့်သည် ရာသီဥတုနှင့် ပတ်သက်သည့် ကမ္ဘာ့ခေါင်းဆောင်များစုဝေးမှုတွင် သမိုင်း၌ အကြီးမားဆုံးစုဝေးမှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required