အမေရိကန်အနေဖြင့် ပထဝီနိုင်ငံရေး ကစားပွဲများကို ရပ်တန့်သင့်ပြီဟု ရုရှားပြော

အမေရိကန်အနေဖြင့် ပထဝီနိုင်ငံရေး ကစားပွဲများကို ရပ်တန့်သင့်ပြီဟု ရုရှားပြော

မော်စကို၊ နိုဝင်ဘာ ၂၆ ။           ။ အမေရိကန်အနေဖြင့် ပထဝီနိုင်ငံရေး ကစားပွဲများကို ရပ်တန့်ရန် တောင်းဆိုလိုက်သည်။ ထို့အပြင် ဆီးရီးယားရှိ အခြေအနေနှင့် ပတ်သက်၍ ရုရှားအပေါ် အမေရိကန်၏ နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း မော်စကိုက နားလည်မှုမရှိဟုလည်း ပြောကြားခဲ့သည်။

"ဒါဟာ ဆက်ဆံရေးမှာ နောက်ဆုံးရှုပ်ထွေးတဲ့ကာလဆိုတာကတော့ ရှင်းပါတယ်"ဟု ရုရှား ဒု-နိုင်ငံခြားရေးဝန်ကြီး ဆာဂေးရီယက်ကော့ဗ်က နိုဝင်ဘာ၂၅တွင် ပြောကြားခဲ့သည်။

ထိုနေ့အစောပိုင်းက အမေရိကန်သည် ပစ်မှတ် ၁၀ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ၎င်းတို့သည် ဆီးရီးယားသမ္မတဘာရှားအယ်လ်အာဆတ်ကို ထောက်ခံပံ့ပိုးနေသည်ဟု ပြောကြားခဲ့သည်။

လူပုဂ္ဂိုလ်လေးဦးနှင့် မျက်မြင်ထင်ရှားရှိနေသည့် အဆောက်အဦခြောက်ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၎င်းတို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းအား အမေရိကန်နိုင်ငံသားများကို ပိတ်ပင်လိုက်သည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူများတွင် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဆန်အီလီယမ်ဇီနော့ဗ်လည်း ပါဝင်ပြီး ၎င်းသည် ဆီးရီးယားဘဏ်နှင့် ဆီးရီးယားအစိုးရကိုယ်စား ရုပ်ပိုင်းဆိုင်ရာအရ ကူညီပေးနေသည်ဆိုသည်။

ဆီးရီးယားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မူဒါလာလ်ခူရီလည်း ပိတ်ဆို့ခံရသည့် စာရင်းတွင် ပါဝင်သည်။ ခူရီနှင့် အီလီယမ်ဇီနော့ဗ်သည် ရုရှားဘဏ္ဍာရေးမဟာမိတ်ဘဏ်ကို ပူးတွဲပိုင်ဆိုင်သည်။ ယင်းဘဏ်ကို အမေရိကန်က အမည်ပျက်စာရင်းသွင်းထားသည်။ ခူရီနှင့် ဆက်ဆံမှုအတွက်လည်း ဆိုက်ပရပ်လုပ်ငန်းရှင် ဂျော့ဂျ်နီကိုလာအူကိုလည်း ပိတ်ဆို့ခဲ့သည်။ ဆီးရီးယားလုပ်ငန်းရှင် ဂျော့ဂျ်ဟာစဝါနီနှင့် ၎င်း၏ HESCO ကုမ္ပဏီလည်း ပိတ်ဆို့ခံရသည်။

အမည်အားဖြင့် Primax ၊ Hudsotrade ၊ Ezegoo နှင့် Kremsont ကုမ္ပဏီလေးခုလည်း ခူရီ၊ နီကိုလာအူတို့နှင့် ဆက်ဆံမှုအတွက် တင်းကျပ်သည့် အရေးယူမှုခံရသည်။

ရုရှားနှင့် အမေရိကန်တို့သည် ဆီးရီးယား၏ အနာဂတ်တွင် အာဆတ်၏ အနာဂါတ်နှင့် ပတ်သက်၍ သဘောထားကွဲလွဲနေသည်။ ၂၀၁၁ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၂၅၀,၀၀၀ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required