မြန်မာမှာ သွေးထွက်သံယိုများသည့် စစ်ပွဲဖြစ်စေရန် တရုတ် ဖန်တီးလုပ်ဆောင်ဟု အမေရိကန် ကျွမ်းကျင်ပညာရှင် စွပ်စွဲ

မြန်မာမှာ သွေးထွက်သံယိုများသည့် စစ်ပွဲဖြစ်စေရန် တရုတ် ဖန်တီးလုပ်ဆောင်ဟု အမေရိကန် ကျွမ်းကျင်ပညာရှင် စွပ်စွဲ
 Photo - Frederic J. Brown/ AFP

ဧပြီ ၁၁

မြန်မာနိုင်ငံတွင် အချိန်ရှည်ကြာပြီး အလွန့်အလွန် သွေးထွက်သံယိုများသော စစ်ပွဲတစ်ခု ဖြစ်စေရန် အခြေအနေများကို တရုတ်က ပြင်ဆင်ဖန်တီးနေကြောင်း အမေရိကန် နိုင်ငံခြားရေးမူ၀ါဒ အင်စတီကျူးရှင်းတစ်ခုက စွပ်စွဲပြောကြားလိုက်သည်။

ကမ္ဘာတ၀န်း ပဋိပက္ခများ ပြေလည်အောင် ဖြေရှင်းရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အားပေးမြှင့်တင်မှုပိုင်းကို လုပ်ဆောင်သော အမေရိကန် ဖက်ဒရယ် အင်စတီကျူးရှင်းတစ်ခုဖြစ်သည့် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူ့ (USIP) မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဂျက်ဆန် တာ၀ါက ပြောကြားရာတွင် တရုတ်သည် ယင်း၏ အစွန်းပိုင်းတွင် ဒီမိုကရေစီ စံတန်ဖိုးများနှင့် အနောက်တိုင်း ပတ်သက်မှုများ ချဥ်းနင်း၀င်‌ရောက်မှုကို တားဆီးရန် မြန်မာကို ‘စစ်မြေပြင်’ တစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောသွားခဲ့သည်။

ပေကျင်းသည် မြန်မာအာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုဆိုင်ရာ အလားအလာလမ်းကြောင်းကို အကြီးအကျယ် ပုံဖော်ထားသလို မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ပိတ်ဆို့ထားခဲ့ကြောင်း တာ၀ါက အွန်လိုင်းစာတစ်ပုဒ်တွင် ရေးသားခဲ့သည်။

သို့ဖြစ်၍ ပေကျင်းသည် ဖိနှိပ်ညှင်းပန်းပြီး ပြောင်းလဲလွယ်သော မြန်မာ အာဏာသိမ်းစစ်အုပ်စုကို သတိဖြင့် ဆက်လက်ထောက်ခံမည်ဖြစ်ပြီး တရား၀င်ဖြစ်မှုကို ဆက်လက်ပေးအပ်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ ပေကျင်း၏ အဓိက အကျိုးတရားသုံးခုကို တာ၀ါက ခွဲခြားထုတ်ဖော်ပြခဲ့သည်။

“ပထမတစ်ခုက တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်၊ အဲဒီ နေရာတွေမှာ တရုတ်နယ်စပ်တစ်လျှောက် အခြေပြုတဲ့ အားကောင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေက တရုတ်ရဲ့ အမျိုးသားလုံခြုံ‌ရေးအကျိုးစီးပွားအပေါ် ထိခိုက်သက်ရောက်စေမှာမို့လို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဒုတိယတစ်ခုကတော့ တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ယင်းရဲ့ အနောက်တောင်ပိုင်း ပြည်နယ်တွေကို ချိတ်ဆက်ထားတဲ့ မဟာဗျူဟာကျ စီးပွားရေးနဲ့ စွမ်းအင် စင်္ကြန်တစ်ခုကို ကာကွယ်ပြီး ရှေ့ကို တက်လှမ်းနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“တတိယတစ်ခုကတော့ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ပူးတွဲထိန်းသိမ်းမှုကို တားဆီးဖို့ ၊ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ အနောက်အုပ်စု လွှမ်းမိုးမှုကနေ ကာကွယ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

“အာဏာသိမ်းမှုကနေ ဖြစ်လာတဲ့ ဆိုးကျိုးတွေက ဒီသုံးခုစလုံးကို ခြိမ်းခြောက်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ နိုင်ငံ‌ရေးသမားများကို စစ်တပ်က ထိန်းသိမ်းပြီး အာဏာသိမ်းယူပြီးနောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများ ရှိနေခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကိုးပတ်အတွင်း ၎င်းတို့ ပြန်လည် လွတ်မြောက်ရေးအတွက် ပြည်သူများက လမ်းများပေါ်ထွက် တောင်းဆို ဆန္ဒပြခဲ့ကြရာ လုံခြုံရေး တပ်ဖွဲ့များ၏ ဆိုးရွားစက်ဆုပ်ဖွယ် အကြမ်းဖက်မှုများနှင့် ကြုံတွေ့ထားခဲ့ကြရသည်။

အကြမ်းဖက်ဖြိုခွင်းမှုအတွင်း လူရာပေါင်းများစွာ သေဆုံးပြီး လူ ၂၇၀၀ ကျော်ထိန်းသိမ်းခံထားခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လုပ်ရပ်များအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂအပါအ၀င် အနောက်အုပ်စုမှ အင်အားကြီးနိုင်ငံများက အပြင်းအထန် ပြစ်တင်ရှုတ်ချပြီး အရေးယူဒဏ်ခတ်မှုများ ရှိခဲ့သော်လည်း မြန်မာအာဏာသိမ်းမှုနှင့် နောက်ဆက်တွဲအကြမ်းဖက်မှုအပေါ် တရုတ်၏ တုံ့ပြန်မှုက ပိုမို၍ ညင်သာတိုးတိတ်နေခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ပေကျင်းက ထောက်ခံပံ့ပိုးနေသည် သို့မဟုတ် ညှိနှိုင်းချိတ်ဆက်နေသည် ဆိုပြီး ဆန္ဒပြသူများက စွပ်စွဲနေကြသလို နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ထားခဲ့သည်။

တရုတ်သည် ယခုအခါ မြန်မာပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့များထံမှ ဖြစ်နိုင်ခြေရှိသည့် ထောက်ခံမှုတိုင်းကို တဖြည်းဖြည်းချင်း ဆုံးရှုံးနေပြီဟု တာ၀ါက ပြောသည်။

“တရုတ်ရဲ့ ရပ်တည်မှုက ကာလရှည်ပြီး သွေးထွက်သံယိုများတဲ့ စစ်ပွဲတစ်ခုအတွက် အခြေအနေတွေ ပြင်ဆင်လုပ်ဆောင်နေခဲ့တာပါ၊ ဒါက မြန်မာပြည်သူတွေ၊ အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်ရဲ့ အကျိုးတရားတွေနဲ့ ဆန့်ကျင်ကွဲလွဲနေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

 

(Zawgyi)

ျမန္မာမွာ ေသြးထြက္သံယိုမ်ားသည့္ စစ္ပြဲျဖစ္ေစရန္ တ႐ုတ္ ဖန္တီးလုပ္ေဆာင္ဟု အေမရိကန္ ကြၽမ္းက်င္ပညာရွင္ စြပ္စြဲ

ဧၿပီ ၁၁

ျမန္မာႏိုင္ငံတြင္ အခ်ိန္ရွည္ၾကာၿပီး အလြန္႔အလြန္ ေသြးထြက္သံယိုမ်ားေသာ စစ္ပြဲတစ္ခု ျဖစ္ေစရန္ အေျခအေနမ်ားကို တ႐ုတ္က ျပင္ဆင္ဖန္တီးေနေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးမူ၀ါဒ အင္စတီက်ဴးရွင္းတစ္ခုက စြပ္စြဲေျပာၾကားလိုက္သည္။

ကမာၻတ၀န္း ပဋိပကၡမ်ား ေျပလည္ေအာင္ ေျဖရွင္းေရးႏွင့္ တားဆီးကာကြယ္ေရးဆိုင္ရာ အားေပးျမႇင့္တင္မႈပိုင္းကို လုပ္ေဆာင္ေသာ အေမရိကန္ ဖက္ဒရယ္ အင္စတီက်ဴးရွင္းတစ္ခုျဖစ္သည့္ အေမရိကန္ ၿငိမ္းခ်မ္းေရး အင္စတီက်ဴ႕ (USIP) မွ ကြၽမ္းက်င္သူတစ္ဦးျဖစ္သည့္ ဂ်က္ဆန္ တာ၀ါက ေျပာၾကားရာတြင္ တ႐ုတ္သည္ ယင္း၏ အစြန္းပိုင္းတြင္ ဒီမိုကေရစီ စံတန္ဖိုးမ်ားႏွင့္ အေနာက္တိုင္း ပတ္သက္မႈမ်ား ခ်ဥ္းနင္း၀င္‌ေရာက္မႈကို တားဆီးရန္ ျမန္မာကို ‘စစ္ေျမျပင္’ တစ္ခုအျဖစ္ ရႈျမင္ေၾကာင္း ေျပာသြားခဲ့သည္။

ေပက်င္းသည္ ျမန္မာအာဏာသိမ္းမႈအလြန္ အၾကမ္းဖက္မႈဆိုင္ရာ အလားအလာလမ္းေၾကာင္းကို အႀကီးအက်ယ္ ပုံေဖာ္ထားသလို ျမန္မာႏိုင္ငံတြင္ တည္ၿငိမ္မႈ ျပန္လည္ရရွိေရးအတြက္ ႏိုင္ငံတကာ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားကိုလည္း ပိတ္ဆို႔ထားခဲ့ေၾကာင္း တာ၀ါက အြန္လိုင္းစာတစ္ပုဒ္တြင္ ေရးသားခဲ့သည္။

သို႔ျဖစ္၍ ေပက်င္းသည္ ဖိႏွိပ္ညႇင္းပန္းၿပီး ေျပာင္းလဲလြယ္ေသာ ျမန္မာ အာဏာသိမ္းစစ္အုပ္စုကို သတိျဖင့္ ဆက္လက္ေထာက္ခံမည္ျဖစ္ၿပီး တရား၀င္ျဖစ္မႈကို ဆက္လက္ေပးအပ္လိမ့္မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ျမန္မာႏိုင္ငံရွိ ေပက်င္း၏ အဓိက အက်ိဳးတရားသုံးခုကို တာ၀ါက ခြဲျခားထုတ္ေဖာ္ျပခဲ့သည္။

“ပထမတစ္ခုက တ႐ုတ္-ျမန္မာ နယ္စပ္ေဒသေတြမွာ တည္ၿငိမ္မႈကို ထိန္းသိမ္းဖို႔ ျဖစ္ပါတယ္၊ အဲဒီ ေနရာေတြမွာ တ႐ုတ္နယ္စပ္တစ္ေလွ်ာက္ အေျချပဳတဲ့ အားေကာင္းတဲ့ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြက တ႐ုတ္ရဲ႕ အမ်ိဳးသားလုံၿခဳံ‌ေရးအက်ိဳးစီးပြားအေပၚ ထိခိုက္သက္ေရာက္ေစမွာမို႔လို႔ ျဖစ္ပါတယ္” ဟု ၎က ေျပာသည္။

“ဒုတိယတစ္ခုကေတာ့ တ႐ုတ္ဟာ အိႏၵိယသမုဒၵရာနဲ႔ ယင္းရဲ႕ အေနာက္ေတာင္ပိုင္း ျပည္နယ္ေတြကို ခ်ိတ္ဆက္ထားတဲ့ မဟာဗ်ဴဟာက် စီးပြားေရးနဲ႔ စြမ္းအင္ စၾကၤန္တစ္ခုကို ကာကြယ္ၿပီး ေရွ႕ကို တက္လွမ္းႏိုင္ဖို႔ ရည္႐ြယ္တာျဖစ္ပါတယ္” ဟု ၎က ဆိုသည္။

“တတိယတစ္ခုကေတာ့ တ႐ုတ္ဟာ ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေတြနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာ ပူးတြဲထိန္းသိမ္းမႈကို တားဆီးဖို႔ ၊ အထူးသျဖင့္ နယ္စပ္ေဒသေတြမွာ အေနာက္အုပ္စု လႊမ္းမိုးမႈကေန ကာကြယ္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္” ဟုလည္း ၎က ေျပာသည္။

“အာဏာသိမ္းမႈကေန ျဖစ္လာတဲ့ ဆိုးက်ိဳးေတြက ဒီသုံးခုစလုံးကို ၿခိမ္းေျခာက္ေနပါတယ္” ဟု ၎က ေျပာခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ေဖေဖၚ၀ါရီ ၁ ရက္က အရပ္သားေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အျခား ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ခံ ႏိုင္ငံ‌ေရးသမားမ်ားကို စစ္တပ္က ထိန္းသိမ္းၿပီး အာဏာသိမ္းယူၿပီးေနာက္ပိုင္း အာဏာသိမ္းမႈ ဆန႔္က်င္ေရး ဆႏၵျပမႈမ်ားအေပၚ အၾကမ္းဖက္ၿဖိဳခြင္းႏွိမ္နင္းမႈမ်ား ရွိေနခဲ့သည္။

ၿပီးခဲ့သည့္ သီတင္းပတ္ကိုးပတ္အတြင္း ၎တို႔ ျပန္လည္ လြတ္ေျမာက္ေရးအတြက္ ျပည္သူမ်ားက လမ္းမ်ားေပၚထြက္ ေတာင္းဆို ဆႏၵျပခဲ့ၾကရာ လုံၿခဳံေရး တပ္ဖြဲ႕မ်ား၏ ဆိုး႐ြားစက္ဆုပ္ဖြယ္ အၾကမ္းဖက္မႈမ်ားႏွင့္ ႀကဳံေတြ႕ထားခဲ့ၾကရသည္။

အၾကမ္းဖက္ၿဖိဳခြင္းမႈအတြင္း လူရာေပါင္းမ်ားစြာ ေသဆုံးၿပီး လူ ၂၇၀၀ ေက်ာ္ထိန္းသိမ္းခံထားခဲ့ရေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာအာဏာသိမ္းစစ္အုပ္စု၏ လုပ္ရပ္မ်ားအေပၚ အေမရိကန္ႏွင့္ ဥေရာပသမဂၢအပါအ၀င္ အေနာက္အုပ္စုမွ အင္အားႀကီးႏိုင္ငံမ်ားက အျပင္းအထန္ ျပစ္တင္ရႈတ္ခ်ၿပီး အေရးယူဒဏ္ခတ္မႈမ်ား ရွိခဲ့ေသာ္လည္း ျမန္မာအာဏာသိမ္းမႈႏွင့္ ေနာက္ဆက္တြဲအၾကမ္းဖက္မႈအေပၚ တ႐ုတ္၏ တုံ႔ျပန္မႈက ပိုမို၍ ညင္သာတိုးတိတ္ေနခဲ့သည္။

ျမန္မာႏိုင္ငံတြင္ စစ္တပ္အာဏာသိမ္းမႈကို ေပက်င္းက ေထာက္ခံပံ့ပိုးေနသည္ သို႔မဟုတ္ ညႇိႏႈိင္းခ်ိတ္ဆက္ေနသည္ ဆိုၿပီး ဆႏၵျပသူမ်ားက စြပ္စြဲေနၾကသလို ႏိုင္ငံတြင္ တ႐ုတ္ဆန႔္က်င္ေရး ဆႏၵျပမႈမ်ားလည္း ျဖစ္ေပၚထားခဲ့သည္။

တ႐ုတ္သည္ ယခုအခါ ျမန္မာျပည္သူလူထုႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားထံမွ ျဖစ္ႏိုင္ေျခရွိသည့္ ေထာက္ခံမႈတိုင္းကို တျဖည္းျဖည္းခ်င္း ဆုံးရႈံးေနၿပီဟု တာ၀ါက ေျပာသည္။

“တ႐ုတ္ရဲ႕ ရပ္တည္မႈက ကာလရွည္ၿပီး ေသြးထြက္သံယိုမ်ားတဲ့ စစ္ပြဲတစ္ခုအတြက္ အေျခအေနေတြ ျပင္ဆင္လုပ္ေဆာင္ေနခဲ့တာပါ၊ ဒါက ျမန္မာျပည္သူေတြ၊ အာဆီယံႏိုင္ငံေတြနဲ႔ အေမရိကန္ရဲ႕ အက်ိဳးတရားေတြနဲ႔ ဆန႔္က်င္ကြဲလြဲေနပါတယ္” ဟု ၎က ေျပာသြားခဲ့သည္။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required