စစ်အုပ်စု၏ သေဒဏ်ပြစ်ဒဏ် ချမှတ်မှုအပေါ် HRW နှင့် နော်ဝေ ပြစ်တင်ရှုတ်ချ

စစ်အုပ်စု၏ သေဒဏ်ပြစ်ဒဏ် ချမှတ်မှုအပေါ် HRW နှင့် နော်ဝေ ပြစ်တင်ရှုတ်ချ
Photo - Romeo Gacad/ AFP

ဧပြီ ၁၁

 

မြန်မာအာဏာသိမ်းစစ်အုပ်စုက လူ ၁၉ ဦးကို သေဒဏ်ပြစ်ဒဏ် စီရင်ချမှတ်ခဲ့မှုအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးတစ်ခုက ဧပြီ ၁၀ ရက်တွင် ပြစ်တင်ရှုတ်ချသွားခဲ့သည်။

စစ်အုပ်စု ထိန်းချုပ်သော မီဒီယာကနေ ဧပြီ ၉ ရက်က ကြေညာရာတွင် လူ ၁၉ ဦးအား လုယက်မှု၊ လူသတ်မှုအတွက် စစ်တရားရုံးတစ်ခုက သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း၊ ၎င်းတို့အနက် ၁၇ ဦးကို မျက်ကွယ် စီရင်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။

လက်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဧရိယာတစ်ခုဖြစ်သည့် ရန်ကုန် မြောက်ဥက္ကလာတွင် ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာ ဥပဒေအရ သေဒဏ်ပြစ်ဒဏ် စီရင်ခွင့်ရှိသော်လည်း ယင်းကို နှစ်ပေါင်း ၃၀ ကျော်ကြာ မကျင့်သုံးဘဲ ရှိခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ (Human Rights Watch-HRW) မှ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆင်က ပြောသည်။

“ဒါကို ကြည့်ခြင်းအားဖြင့် စစ်တပ်က နိုင်ငံမှာ သေဒဏ်စီရင်ချက်ချတဲ့ အရင်အချိန်ကာလတစ်ခုကို ပြန်သွားဖို့ ပြင်ဆင်နေတယ်ဆိုတာကို ပြသနေပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်တရားရုံးတစ်ခုတွင် အမှုများကို စစ်ဆေးစီရင်မှုက အယူခံ၀င်နိုင်ရန်အတွက် မဖြစ်နိုင်သလို၊ မည်သည့်နည်းလမ်း၊ မည်သည့် ပုံစံနှင့်မျှ လွတ်လပ်မျှတသော စီရင်စစ်ဆေးမှုဆိုင်ရာ အာမခံချက် မရှိနိုင်သည့် အဓိပ္ပါယ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ထို့ပြင် ယခုကဲ့သို့ သေဒဏ်ချမှတ်ခြင်းက ဆန္ဒပြသူများကို လမ်းများပေါ် ထွက်ကာ ဆန္ဒမပြနိုင်စေအောင်နှင့် လုပ်ငန်းခွင် ပြန်ရောက်စေရန် ဖိအားပေးလိုသည့် နည်းလမ်းတစ်ခု ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က လူတိုင်း လမ်းပေါ်ထွက်ဆန္ဒမပြနိုင်အောင်နဲ့ CDM ကို ဖြိုခွဲနိုင်အောင် အင်အားသုံး၊ အကြမ်းဖက်နည်းသုံးဖို့ ဖြစ်ပါတယ်” ဟု ‌ရော်ဘတ်ဆင်က ပြောသည်။

တစ်ချိန်တည်းမှာပင် နော်ဝေနိုင်ငံကလည်း ယခု သေဒဏ်စီရင်မှုအပေါ် ပြစ်တင်သွားခဲ့ပြီး ယင်းသည် လက်သင့်ခံစရာမရှိဘဲ အလွန် စိုးရိမ်စရာကောင်းသည့် အခြေအနေဖြစ်ကြောင်း ပြောသွားခဲ့သည်။

“သေဒဏ်စီရင်မှုတွေ မလုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုတွေကို ရပ်ဖို့နဲ့ ကုလ အထူးသံတမန်ကို လာရောက်ခွင့်ပြုဖို့အတွက် နော်ဝေနိုင်ငံဘက်က အပြင်းအထန် တိုက်တွန်းပါတယ်” ဟု နော်ဝေ နိုင်ငံခြားရေး၀န်ကြီး အိုင်နီ အီရစ်ခ်ဆင် ဆိုးရိုက်ဒ်က တွစ်တာကနေတဆင့် ပြောသွားခဲ့သည်။

 

 

 

(Zawgyi)

 

စစ္အုပ္စု၏ ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္မႈအေပၚ HRW ႏွင့္ ေနာ္ေဝ ျပစ္တင္ရႈတ္ခ်

 

AFP

ဧၿပီ ၁၁

 

ျမန္မာအာဏာသိမ္းစစ္အုပ္စုက လူ ၁၉ ဦးကို ေသဒဏ္ျပစ္ဒဏ္ စီရင္ခ်မွတ္ခဲ့မႈအေပၚ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ႀကီးတစ္ခုက ဧၿပီ ၁၀ ရက္တြင္ ျပစ္တင္ရႈတ္ခ်သြားခဲ့သည္။

စစ္အုပ္စု ထိန္းခ်ဳပ္ေသာ မီဒီယာကေန ဧၿပီ ၉ ရက္က ေၾကညာရာတြင္ လူ ၁၉ ဦးအား လုယက္မႈ၊ လူသတ္မႈအတြက္ စစ္တရား႐ုံးတစ္ခုက ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္လိုက္ေၾကာင္း၊ ၎တို႔အနက္ ၁၇ ဦးကို မ်က္ကြယ္ စီရင္ခ်က္ခ်ခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္သြားခဲ့သည္။

လက္ရွိ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားသည့္ ဧရိယာတစ္ခုျဖစ္သည့္ ရန္ကုန္ ေျမာက္ဥကၠလာတြင္ ၎တို႔ကို ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ျပစ္မႈဆိုင္ရာ ဥပေဒအရ ေသဒဏ္ျပစ္ဒဏ္ စီရင္ခြင့္ရွိေသာ္လည္း ယင္းကို ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ မက်င့္သုံးဘဲ ရွိခဲ့ေၾကာင္း လူ႔အခြင့္အေရးအဖြဲ႕ (Human Rights Watch-HRW) မွ အာရွေဒသဆိုင္ရာ ဒုတိယၫႊန္ၾကားေရးမႉး ဖီးလ္ ေရာဘတ္ဆင္က ေျပာသည္။

“ဒါကို ၾကည့္ျခင္းအားျဖင့္ စစ္တပ္က ႏိုင္ငံမွာ ေသဒဏ္စီရင္ခ်က္ခ်တဲ့ အရင္အခ်ိန္ကာလတစ္ခုကို ျပန္သြားဖို႔ ျပင္ဆင္ေနတယ္ဆိုတာကို ျပသေနပါတယ္” ဟု ၎က ေျပာသည္။

စစ္ဘက္တရား႐ုံးတစ္ခုတြင္ အမႈမ်ားကို စစ္ေဆးစီရင္မႈက အယူခံ၀င္ႏိုင္ရန္အတြက္ မျဖစ္ႏိုင္သလို၊ မည္သည့္နည္းလမ္း၊ မည္သည့္ ပုံစံႏွင့္မွ် လြတ္လပ္မွ်တေသာ စီရင္စစ္ေဆးမႈဆိုင္ရာ အာမခံခ်က္ မရွိႏိုင္သည့္ အဓိပၸါယ္ျဖစ္ေၾကာင္း ၎က ျဖည့္စြက္ေျပာသည္။

ထို႔ျပင္ ယခုကဲ့သို႔ ေသဒဏ္ခ်မွတ္ျခင္းက ဆႏၵျပသူမ်ားကို လမ္းမ်ားေပၚ ထြက္ကာ ဆႏၵမျပႏိုင္ေစေအာင္ႏွင့္ လုပ္ငန္းခြင္ ျပန္ေရာက္ေစရန္ ဖိအားေပးလိုသည့္ နည္းလမ္းတစ္ခု ျဖစ္ႏိုင္ေၾကာင္း ၎က ေျပာသည္။

“သူတို႔ရဲ႕ အဓိက ရည္႐ြယ္ခ်က္က လူတိုင္း လမ္းေပၚထြက္ဆႏၵမျပႏိုင္ေအာင္နဲ႔ CDM ကို ၿဖိဳခြဲႏိုင္ေအာင္ အင္အားသုံး၊ အၾကမ္းဖက္နည္းသုံးဖို႔ ျဖစ္ပါတယ္” ဟု ‌ေရာ္ဘတ္ဆင္က ေျပာသည္။

တစ္ခ်ိန္တည္းမွာပင္ ေနာ္ေဝႏိုင္ငံကလည္း ယခု ေသဒဏ္စီရင္မႈအေပၚ ျပစ္တင္သြားခဲ့ၿပီး ယင္းသည္ လက္သင့္ခံစရာမရွိဘဲ အလြန္ စိုးရိမ္စရာေကာင္းသည့္ အေျခအေနျဖစ္ေၾကာင္း ေျပာသြားခဲ့သည္။

“ေသဒဏ္စီရင္မႈေတြ မလုပ္ေဆာင္ဖို႔၊ အၾကမ္းဖက္မႈေတြကို ရပ္ဖို႔နဲ႔ ကုလ အထူးသံတမန္ကို လာေရာက္ခြင့္ျပဳဖို႔အတြက္ ေနာ္ေဝႏိုင္ငံဘက္က အျပင္းအထန္ တိုက္တြန္းပါတယ္” ဟု ေနာ္ေဝ ႏိုင္ငံျခားေရး၀န္ႀကီး အိုင္နီ အီရစ္ခ္ဆင္ ဆိုး႐ိုက္ဒ္က တြစ္တာကေနတဆင့္ ေျပာသြားခဲ့သည္။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly