လားရှိုးမြို့ နောင်မွန်ရဲကင်း တိုက်ခိုက်ခံရမှု

လားရှိုးမြို့ နောင်မွန်ရဲကင်း တိုက်ခိုက်ခံရမှု

လားရှိုးမြို့ နောင်မွန်ရဲကင်း တိုက်ခိုက်ခံရမှု ရဲတပ်ဖွဲ့ (၁၄)ဦး သေဆုံး၊ ရဲမိသားစုဝင် ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး ပျောက်ဆုံးနေ

***************************************

ဒီနေ့မနက် ၅ နာရီကနေ စတင်ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့ နောင်မွန်ရွာရှိ ရဲကင်း တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ (၁၄)ဦး သေဆုံးခဲ့သလို ၎င်းတို့ရဲ့ မိသားစုဝင် ၇ ဦး ထိခိုက်ဒဏ်ရာရပြီးတော့ ၂ ဦး ပျောက်ဆုံးနေ​တယ်လို့ သိရပါတယ်။ အလားတူ လားရှိုးမြို့ အဝိုင်းပတ်မှာလည်း ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးနေပြီးတော့ အမှတ် ၁ ရဲစခန်းမရောက်ခင် ဆောက်လုပ်ရေးရုံးကနေ ရဲစခန်းအကျော် ရိုးမဘဏ်အနီးထိ လမ်းမကြီးနှစ်ဖက်ကို ပိတ်လိုက်တယ်လို့ အဆိုပါနေရာကို ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။ လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်မွန်ရဲကင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်း(TNLA)၊ ရခိုင်(AA)နဲ့ ကိုးကန့်(MNDAA)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ရဲကင်းလည်း မီးလောင် ဆုံးရှုံးခဲ့ပြီး ၁၁ နာရီခွဲအထိ လားရှိုးမြို့ပေါ်မှာ ရဟတ်ယာဥ်တစ်စီး ပျံသန်းနေပါတယ်။ #MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required