ရာဇ၀တ်ဂိုဏ်းအဖွဲ့သစ်တစ်ခုက မြန်မာ့သစ်များကို တရုတ်သို့ တရားမ၀င် မှောင်ခိုကူးနေ

ရာဇ၀တ်ဂိုဏ်းအဖွဲ့သစ်တစ်ခုက မြန်မာ့သစ်များကို တရုတ်သို့ တရားမ၀င် မှောင်ခိုကူးနေ
Photo - File Photo (EPA)

ဧပြီ ၁၀

 

မြန်မာနိုင်ငံမှ တရားမ၀င် သစ်မှောင်ခိုကူးမှုကို တားဆီးပိတ်ဆို့ရန် တရုတ်က လေးနက်သော အားထုတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း အတွေ့အကြုံများပြီး ခေတ်မီသည့် ရာဇ၀တ်ဂိုဏ်းအဖွဲ့သစ်တစ်ခုသည် ယခုအခါ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် သစ်များကို မှောင်ခိုကူးနေကြောင်း သဘာ၀ပတ်၀န်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က ပြောသည်။

EIA က ပြောခဲ့သည့် အဆိုပါဂိုဏ်းအဖွဲ့ကို မစ္စတာ ဒါရှီးနော်က ဦးဆောင်နေပြီး သစ် ထုတ်လုပ်၊ သယ်ယူပို့ဆောင်မှုဆိုင်ရာ အခြားသစ်စက်ပိုင်ရှင် ငါးဦးထက်မနည်းလည်း ထိုအဖွဲ့တွင် ပါ၀င်နေကာ အာဏာသိမ်းစစ်အုပ်စုကလည်း ယင်းထံကနေ ဘဏ္ဍာရေးအရ ဆက်လက်၍ အကျိုးခံစားရနေသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကုန်သွယ်မှုအပေါ် စစ်ဆေးကြပ်မတ်မှုနှင့် တရုတ်အာဏာပိုင်တို့၏ တိုးမြင့်လုပ်ဆောင်ချက်များကြောင့် ယူနန်ပြည်နယ်‌ ရွှေလီ နယ်စပ်မြို့ကနေတဆင့် တရားမ၀င် သစ်မှောင်ခိုကူးမှုကို နှေးကွေးစေခဲ့သည်။

တရုတ် အာဏာပိုင်များ လုပ်ဆောင်ခဲ့သည့် အရေးယူဆောင်ရွက်ချက်ထဲတွင် ၂၀၁၉ သြဂုတ်လက ဒေါ်လာ သန်း‌ပေါင်းများစွာ တန်ဖိုးရှိသည့် သစ်တန်ချိန် ၁၀၀,၀၀၀ ကျော် ဖမ်းဆီးရမိမှုလည်း ပါ၀င်ခဲ့သည်။

တရုတ်ရှိ ဥပဒေဖြင့် တင်းကျပ်လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံရှိ ရာဇ၀တ်အဖွဲ့များကို သိသိသာသာ သက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်တွင် တရားမ၀င် သစ်ခုတ်လှဲမှုကို ရပ်တန့်စေလုနီးပါးအထိ ဖြစ်စေခဲ့သော်လည်း ယခုအခါ ရာဇ၀တ်ဂိုဏ်းအဖွဲ့များသည် ယင်းတို့၏ လှုပ်ရှားလုပ်ဆောင်မှုများကို အစိုးရထိန်းချုပ်သော စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့လုပ်ဆောင်ထားခဲ့ကြသည်။

ဤ ငွေကြေးပိုက်ဆံများကို သိသိသာသာ ဖြတ်တောက်မှုတစ်ရပ်ကို မြန်မာသစ်တောဌာနနှင့် စစ်တပ်က လုပ်ဆောင်နေပြီး ၎င်းတို့သည် အဆင့်အသီးသီးတွင် အခွန်အကောက်၊ လမ်းကြေးများနှင့် လာဘ်ငွေများကို တောင်းခံကြကြောင်း EIA က ပြောသည်။

ထို့ပြင် စည်းမျဥ်းများကို ရှောင်လွဲရန် ရည်ရွယ်သော တရားမ၀င် တင်သွင်းမှု ကျင့်သုံးလုပ်ဆောင်မှုများကနေတဆင့် ဤရာဇ၀တ်မှုကနေ ဥရောပသမဂ္ဂ၊ အာရှနှင့် အမေရိကန် အခြေစိုက် ကုန်သည်များ မည်သို့မည်ပုံ ထပ်မံ အမြတ်ထုတ်မလဲ ဆိုသည်ကို အေဂျင်စီက အကြမ်းဖျင်းဖော်ပြခဲ့သည်။

ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း Dazu အဖွဲ့သည် တရုတ်-မြန်မာနယ်စပ်တွင် လှုပ်ရှားဆောင်ရွက်မှုများကို ပြန်လည်စတင်ထားခဲ့ကြောင်း EIA က ပြောသည်။ ထို့ပြင် ယင်းအဖွဲ့တွင် ယခုအခါ တရုတ်ရှိ ကုန်သည်များထံမှ အော်ဒါကြောင့်ဟု ယူဆရနိုင်ပြီး သစ်ထုတ်လုပ်ရန် သစ်စက်များ၊ သိုလှောင်ရုံများပါ တိုးချဲ့ပါ၀င်လာခဲ့ကြောင်း သိရသည်။

နောက်ထပ် သတင်းအချက်အလက်များအရ အဆိုပါ အဖွဲ့သစ်တစ်ခုသည် ယခုအခါ မစ္စတာ ဒါရှီးနော် ဦးဆောင်သော သစ် ထုတ်လုပ်၊ တင်ပို့မှုတွင် ပါ၀င်ပတ်သက်နေပြီး ဤ လှုပ်ရှားလုပ်ဆောင်မှုတွင် အနည်းဆုံး အခြား သစ်စက်ပိုင်ရှင်များဖြစ်သော အာချယင်း၊ အာဘ၊ ကွန်ဂမ်း၊ ကယန်းဖန်းနှင့် ရှမ်းမော်တို့ ပါ၀င်နေသည်။

ဤ လှုပ်ရှားလည်ပတ်မှု၏ ကြီးမားသည့် အရွယ်အစားအရ ယင်းသည် နိုင်ငံအာဏာပိုင်အဖွဲ့၏ သိရှိ ပါ၀င်ပတ်သက်မှုဖြင့်သာ လည်ပတ်နေနိုင်ခြင်း ဖြစ်ကြောင်း EIA က ပြောသည်။

ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း သစ်တော စီမံအုပ်ချုပ်မှုကို အားကောင်းစေရန်အတွက် သစ် စောင့်ကြည့်သူများသည် ပြည်တွင်းပါတနာများ၊ သစ်တောဌာန တာ၀န်ရှိသူများနှင့်အတူ ဆက်လက်လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ခဲ့ပေ။ အေဂျင်စီသည် တရုတ်ကို ယင်း၏ ‌စောင့်ကြည့်မှုနှင့် ဥပဒေဖြင့် အာဏာတည်စေရေး လုပ်ဆောင်ချက်များကို မြှင့်တင်ရေးအတွက် တိုက်တွန်းတောင်းဆိုထားသည်။

 

 

 

(Zawgyi)

 

ရာဇ၀တ္ဂိုဏ္းအဖြဲ႕သစ္တစ္ခုက ျမန္မာ့သစ္မ်ားကို တ႐ုတ္သို႔ တရားမ၀င္ ေမွာင္ခိုကူးေန

 

မဇၥ်ိမ

 

ျမန္မာႏိုင္ငံမွ တရားမ၀င္ သစ္ေမွာင္ခိုကူးမႈကို တားဆီးပိတ္ဆို႔ရန္ တ႐ုတ္က ေလးနက္ေသာ အားထုတ္မႈမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း အေတြ႕အႀကဳံမ်ားၿပီး ေခတ္မီသည့္ ရာဇ၀တ္ဂိုဏ္းအဖြဲ႕သစ္တစ္ခုသည္ ယခုအခါ ျမန္မာ-တ႐ုတ္ နယ္စပ္တစ္ေလွ်ာက္ သစ္မ်ားကို ေမွာင္ခိုကူးေနေၾကာင္း သဘာ၀ပတ္၀န္းက်င္ စုံစမ္းစစ္ေဆးေရး ေအဂ်င္စီ (EIA) က ေျပာသည္။

EIA က ေျပာခဲ့သည့္ အဆိုပါဂိုဏ္းအဖြဲ႕ကို မစၥတာ ဒါရွီးေနာ္က ဦးေဆာင္ေနၿပီး သစ္ ထုတ္လုပ္၊ သယ္ယူပို႔ေဆာင္မႈဆိုင္ရာ အျခားသစ္စက္ပိုင္ရွင္ ငါးဦးထက္မနည္းလည္း ထိုအဖြဲ႕တြင္ ပါ၀င္ေနကာ အာဏာသိမ္းစစ္အုပ္စုကလည္း ယင္းထံကေန ဘ႑ာေရးအရ ဆက္လက္၍ အက်ိဳးခံစားရေနသည္။

ၿပီးခဲ့သည့္ ဆယ္စုႏွစ္အတြင္း ကုန္သြယ္မႈအေပၚ စစ္ေဆးၾကပ္မတ္မႈႏွင့္ တ႐ုတ္အာဏာပိုင္တို႔၏ တိုးျမင့္လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ယူနန္ျပည္နယ္‌ ေ႐ႊလီ နယ္စပ္ၿမိဳ႕ကေနတဆင့္ တရားမ၀င္ သစ္ေမွာင္ခိုကူးမႈကို ေႏွးေကြးေစခဲ့သည္။

တ႐ုတ္ အာဏာပိုင္မ်ား လုပ္ေဆာင္ခဲ့သည့္ အေရးယူေဆာင္႐ြက္ခ်က္ထဲတြင္ ၂၀၁၉ ၾသဂုတ္လက ေဒၚလာ သန္း‌ေပါင္းမ်ားစြာ တန္ဖိုးရွိသည့္ သစ္တန္ခ်ိန္ ၁၀၀,၀၀၀ ေက်ာ္ ဖမ္းဆီးရမိမႈလည္း ပါ၀င္ခဲ့သည္။

တ႐ုတ္ရွိ ဥပေဒျဖင့္ တင္းက်ပ္လုပ္ေဆာင္မႈေၾကာင့္ ျမန္မာႏိုင္ငံရွိ ရာဇ၀တ္အဖြဲ႕မ်ားကို သိသိသာသာ သက္ေရာက္ခဲ့ၿပီး ကခ်င္ျပည္နယ္တြင္ တရားမ၀င္ သစ္ခုတ္လွဲမႈကို ရပ္တန႔္ေစလုနီးပါးအထိ ျဖစ္ေစခဲ့ေသာ္လည္း ယခုအခါ ရာဇ၀တ္ဂိုဏ္းအဖြဲ႕မ်ားသည္ ယင္းတို႔၏ လႈပ္ရွားလုပ္ေဆာင္မႈမ်ားကို အစိုးရထိန္းခ်ဳပ္ေသာ စစ္ကိုင္းတိုင္းသို႔ ေျပာင္းေ႐ႊ႕လုပ္ေဆာင္ထားခဲ့ၾကသည္။

ဤ ေငြေၾကးပိုက္ဆံမ်ားကို သိသိသာသာ ျဖတ္ေတာက္မႈတစ္ရပ္ကို ျမန္မာသစ္ေတာဌာနႏွင့္ စစ္တပ္က လုပ္ေဆာင္ေနၿပီး ၎တို႔သည္ အဆင့္အသီးသီးတြင္ အခြန္အေကာက္၊ လမ္းေၾကးမ်ားႏွင့္ လာဘ္ေငြမ်ားကို ေတာင္းခံၾကေၾကာင္း EIA က ေျပာသည္။

ထို႔ျပင္ စည္းမ်ဥ္းမ်ားကို ေရွာင္လြဲရန္ ရည္႐ြယ္ေသာ တရားမ၀င္ တင္သြင္းမႈ က်င့္သုံးလုပ္ေဆာင္မႈမ်ားကေနတဆင့္ ဤရာဇ၀တ္မႈကေန ဥေရာပသမဂၢ၊ အာရွႏွင့္ အေမရိကန္ အေျခစိုက္ ကုန္သည္မ်ား မည္သို႔မည္ပုံ ထပ္မံ အျမတ္ထုတ္မလဲ ဆိုသည္ကို ေအဂ်င္စီက အၾကမ္းဖ်င္းေဖာ္ျပခဲ့သည္။

ေဖေဖၚ၀ါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း Dazu အဖြဲ႕သည္ တ႐ုတ္-ျမန္မာနယ္စပ္တြင္ လႈပ္ရွားေဆာင္႐ြက္မႈမ်ားကို ျပန္လည္စတင္ထားခဲ့ေၾကာင္း EIA က ေျပာသည္။ ထို႔ျပင္ ယင္းအဖြဲ႕တြင္ ယခုအခါ တ႐ုတ္ရွိ ကုန္သည္မ်ားထံမွ ေအာ္ဒါေၾကာင့္ဟု ယူဆရႏိုင္ၿပီး သစ္ထုတ္လုပ္ရန္ သစ္စက္မ်ား၊ သိုေလွာင္႐ုံမ်ားပါ တိုးခ်ဲ႕ပါ၀င္လာခဲ့ေၾကာင္း သိရသည္။

ေနာက္ထပ္ သတင္းအခ်က္အလက္မ်ားအရ အဆိုပါ အဖြဲ႕သစ္တစ္ခုသည္ ယခုအခါ မစၥတာ ဒါရွီးေနာ္ ဦးေဆာင္ေသာ သစ္ ထုတ္လုပ္၊ တင္ပို႔မႈတြင္ ပါ၀င္ပတ္သက္ေနၿပီး ဤ လႈပ္ရွားလုပ္ေဆာင္မႈတြင္ အနည္းဆုံး အျခား သစ္စက္ပိုင္ရွင္မ်ားျဖစ္ေသာ အာခ်ယင္း၊ အာဘ၊ ကြန္ဂမ္း၊ ကယန္းဖန္းႏွင့္ ရွမ္းေမာ္တို႔ ပါ၀င္ေနသည္။

ဤ လႈပ္ရွားလည္ပတ္မႈ၏ ႀကီးမားသည့္ အ႐ြယ္အစားအရ ယင္းသည္ ႏိုင္ငံအာဏာပိုင္အဖြဲ႕၏ သိရွိ ပါ၀င္ပတ္သက္မႈျဖင့္သာ လည္ပတ္ေနႏိုင္ျခင္း ျဖစ္ေၾကာင္း EIA က ေျပာသည္။

ေဖေဖၚ၀ါရီ ၁ ရက္ အာဏာသိမ္းၿပီးေနာက္ပိုင္း သစ္ေတာ စီမံအုပ္ခ်ဳပ္မႈကို အားေကာင္းေစရန္အတြက္ သစ္ ေစာင့္ၾကည့္သူမ်ားသည္ ျပည္တြင္းပါတနာမ်ား၊ သစ္ေတာဌာန တာ၀န္ရွိသူမ်ားႏွင့္အတူ ဆက္လက္လုပ္ေဆာင္ႏိုင္ရန္ မျဖစ္ႏိုင္ခဲ့ေပ။ ေအဂ်င္စီသည္ တ႐ုတ္ကို ယင္း၏ ‌ေစာင့္ၾကည့္မႈႏွင့္ ဥပေဒျဖင့္ အာဏာတည္ေစေရး လုပ္ေဆာင္ခ်က္မ်ားကို ျမႇင့္တင္ေရးအတြက္ တိုက္တြန္းေတာင္းဆိုထားသည္။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required