မြန်မာ့အရေးအတွက် အာဆီယံအထူးအစည်းအဝေးကို ဧပြီ ၂၀ တွင် ကျင်းပမည်

မြန်မာ့အရေးအတွက် အာဆီယံအထူးအစည်းအဝေးကို ဧပြီ ၂၀ တွင် ကျင်းပမည်
Photo:  File Photo (EPA) ဧပြီ ၉ ရက် နေ့က မန္တလေးတွင်စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုပြုလုပ်စဉ်။

ဧပြီ ၁၀

 

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အထူးအစည်းအဝေးတစ်ရပ်ကို ဧပြီလ ၂၀ ရက်တွင် ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း ပြင်သစ်က ဧပြီ ၉ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ဂျကာတာမြို့၌ ကျင်းပလိမ့်မည်ဟုလည်း သံတမန်များက မျှော်မှန်းလျက် ရှိသည်။

“ဧပြီလ ၂၀ ရက်မှာ ကျင်းပမယ့် ဒီ အရေးပေါ် အစည်းအဝေးကနေ ထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက်တွေကို မိမိတို့ဘက်က စောင့်မျှော်နေပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်၏ ဒုတိယသံအမတ် နေသန်လိုင်း ဘရုတ်ဒ်ဟာ့စ်တ်က ကုလ လုံခြုံရေးကောင်စီကို ပြောသွားခဲ့သည်။

 

 

(Zawgyi)


 

AFP

ဧပြီ ၁၀

 




နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required