ဘင်္ဂလားဒေ့ရှ်တွင် ခရီးသည်တင် ကုတို့သင်္ဘော နစ်မြုပ်မှုကို ဝမ်းနည်းကြောင်း အိန္ဒိယထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်တွင် ခရီးသည်တင် ကုတို့သင်္ဘော နစ်မြုပ်မှုကို ဝမ်းနည်းကြောင်း အိန္ဒိယထုတ်ပြန်

ဧပြီ ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာအနီး မြစ်အတွင်း ခရီးသည်တင် ကုတို့သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာတွင် သေဆုံးသူများအတွက် အိန္ဒိယအစိုးရက ဧပြီ ၆ ရက်တွင် ဝမ်းနည်းကြောင်း  ထုတ်ပြန်လိုက်သည်။

“နာရာယန်ဂန်းခရိုင်အတွင်း ကုတို့သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းပါတယ်။ ကျန်ရစ်သူ မိသားစုများနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် အထူးကြေကွဲရပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရအရာရှိ အာရင်ဒမ်ဘက်ချီက ၎င်း၏ တွစ်တာတွင် ဖော်ပြထားသည်။

အဆိုပါ ကုတို့သင်္ဘောသည် ဧပြီ ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယန်ဂန်းမြို့အနီး ရှီတာလာခါ မြစ်အတွင်း နစ်မြုပ်ခဲ့ပြီး လူ ၂၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိပြီးနောက် ခရီးသည် ၅၀ ကျော် တင်ဆောင်လာသည့် အဆိုပါ နှစ်ထပ် သင်္ဘောသည် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြသည်။

လူပေါင်း ၁ ဒါဇင်ကျော် ပျောက်ဆုံးနေပြီး ကမ်းစပ်သို့ ကူးခတ်လာနိုင်သူအချို့လည်း ရှိခဲ့ကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly