တရုတ်၏ လုပ်ဆောင်ချက်များကို စိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော် ပြောကြား

တရုတ်၏ လုပ်ဆောင်ချက်များကို စိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော် ပြောကြား

ဧပြီ ၈

ရေပိုင်နက်ကျူးကျော်မှု၊ ဟောင်ကောင်နှင့် ဝီဂါလူနည်းစုတို့၏ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် တရုတ်အစိုးရ၏ လုပ်ဆောင်ချက်များကို စိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမီဆုမိုတဲဂီက တရုတ်နိုင်ငံခြားရေးဝန်ကြီးအား ဧပြီ ၇ ရက်က ပြောကြားလိုက်သည်။

အရှေ့နှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့၏ ရေပိုင်နက်ချဲ့ထွင်မှုသည် တရုတ်နှင့် အမေရိကန် ဆက်ဆံရေး ထိခိုက်ခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်လာသကဲ့သို့ ဂျပန်၏ လုံခြုံရေးအတွက်လည်း စိုးရိမ်စရာ ဖြစ်လာကြောင်း  မိုတဲဂီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဖုန်းဖြင့် ဆက်သွယ်ရာတွင် ပြောဆိုခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြဿနာများကို ထိရောက်စွာ လုပ်ဆောင်ရန်လည်း တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ထားပြီး အသေးစိတ်ကို ဖော်ပြမထားပေ။ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြသလို မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအား အာဏာသိမ်း စစ်တပ်က ရက်စက်စွာ ဖြိုခွဲနေမှုများအပေါ် ဖြေရှင်းရန် နို်ငငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းလည်း ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly