ညောင်ရွှေညသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး တစ်ဦးသေဆုံး

07 April 2021
ညောင်ရွှေညသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး တစ်ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာ စစ်ကောင်စီဆန့်ကျင်တဲ့ ညသပိတ်ကို ဧပြီလ(၆)ရက်နေ့ ည(၉)နာရီလောက် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပါတယ်။ညောင်ရွှေမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ နန္ဒဝန်ရပ်ကွက်မှာ ဖြိုခွင်းခံရတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းပြီးကတည်းက ညောင်ရွှေဒေသခံတွေက အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြတာပါ။ဒါပေမယ့် မနေ့ညက စပြီးအကြမ်းဖက်ဖြိုခွင်းလို့
ညောင်ရွှေမှာ ဆန္ဒပြပြည်သူတစ်ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly