ပါကစ္စတန်တွင် ရဲတပ်ဖွဲ့၏လျစ်လျူရှုမှုကြောင့် မုဒိမ်းမှုတိုင်ကြားသူများ ပိုမို စိတ်ဆင်းရဲရ

ပါကစ္စတန်တွင် ရဲတပ်ဖွဲ့၏လျစ်လျူရှုမှုကြောင့် မုဒိမ်းမှုတိုင်ကြားသူများ ပိုမို စိတ်ဆင်းရဲရ

ဧပြီ ၆

ပါကစ္စတန်တွင် သြဇာကြီးမားသည့် အဓမ္မပြုကျင့်သူဘက်သို့ ဘက်လိုက်ခဲ့ကြောင်း ကလေးနှစ်ယောက်၏ မိခင်ဖြစ်တစ်ဦးက  Chak 11 Ford Wah တွင် ဒေသခံများစွာနှင့်အတူ နယ်မြေ ရဲတပ်ဖွဲ့အား ဆန္ဒပြခဲ့သည်။

ကနဦးဆေးဘက်ဆိုင်ရာအစီရင်ခံစာတွင် အဓမ္မပြုကျင့်ခံရကြောင်း အတည်ပြုသော်လည်း သူမ၏ တိုင်ကြားချက်သည်အတုဖြစ်ကြောင်းပြောကြားခဲ့သဖြင့် ယင်းကိစ္စရပ်အားဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့စစ်ဆေးရေးမှူးချုပ်အား ၎င်းတို့က တောင်းဆိုခဲ့သည်။

တိုင်ကြားသူ 'N' သည် ကျေးရွာမှ အခြားဆန္ဒပြသူများနှင့်အတူ ရဲများကို ဆန့်ကျင့်လျက် တရားမျှတမှုပေးရန် ကြွေးကြော်သံများ ဟစ်ကြွေးတောင်းဆိုခဲ့ကြသည်။

သူမသည် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းခဲ့ပြီး ကျေးရွာတွင် ကလေးငယ်နှစ် ဦး နှင့်အတူ အိမ်တစ်အိမ်တွင် နေထိုင်နေကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်ညတွင် သူမနှင့် ကလေးများအိပ်ပျော်နေစဉ်တွင် သြဇာကြီးမားသော မြေပိုင်ရှင်တစ်ဦး နှင့် ဒေသခံရွာသားတစ်ဦးတို့သည် သူမအိမ်အတွင်းသို့ အတင်းဝင်ရောက်ခဲ့ကြောင်း သူမက ဆိုသည်။

၎င်းကို သေနတ်ဖြင့်ချိန်ရွယ်ပြီး မုဒိမ်းကျင့်ခဲ့ကြောင်း သူမက စွပ်စွဲပြောဆိုခဲ့ပြီး သူမအော်ဟစ်သံကိုကြားပြီးနောက် ဒေသခံများစုရုံးရောက်ရှိလာချိန်တွင် ၎င်းသည် လက်နက်ဖြင့် ဝှေ့ယမ်း ခြိမ်းခြောက်ထွက်ပြေးသွားခဲ့သည်။

N ၏ ပြောကြားချက်အရ ဒေသခံများသည် အရေးပေါ်အကူအညီဖုန်းလိုင်း ၁၅ ကို ချက်ချင်းဖုန်းခေါ်ပြီးဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေ ရဲများအား အကြောင်းကြားခဲ့ပြီး နောက်တစ်နေ့မနက်တွင်စာဖြင့် တိုင်ကြားခဲ့သည်။

အမှုဖွင့်ပေးရမည့်အစား သံသယရှိသူအား မှားယွင်းစွပ်စွဲချက်ခြင်းဖြစ်ကြောင်း ရဲများက ပြောပြီး သူမအား ရဲစခန်းမှ မောင်းထုတ်ခဲ့ခြင်းကြောင့် စိတ်မကောင်းဖြစ်ရကြောင်း သူမက ဆိုသည်။

အခိုင်အမာပြောကြားနေသော်လည်း ရဲများက သူမအား ဆေးစစ်ခြင်းကို မပြုလုပ်ခဲ့ကြောင်း သူမကစွပ်စွဲခဲ့သည်။  ၂၂ ရက်ကြာပြီးနောက်  ၂၀၂၁၊ ဇန်နဝါရီ ၁၂ ရက်တွင်မှ ရဲက ပထမဆုံးအမှုအား လက်ခံခဲ့ပြီးနောက်မှ သူမအနေဖြင့် တရားရုံးဘက်သို့ လှည့်နိုင်ခဲ့ကြောင်း သူမက ဆိုသည်။

ရဲများက သူမ၏တိုင်ကြားချက်ကို မှတ်တမ်းတင်ခြင်းမရှိဟု စွပ်စွဲခဲ့ပြီး ဆေးစစ်ချက်အရ မုဒိမ်းမှုဖြစ်ကြောင်းအတည်ပြုခဲ့သော်လည်း ရဲများက မှားယွင်းစွပ်စွဲသည်ဆိုကာ ဇန်နဝါရီလ ၂၉ ရက်တွင် အမှုကို ပိတ်ခဲ့သည်။

ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ခြင်းမရှိခြင်းကြောင့် အတင့်ရဲလာသော သံသယရှိသူနှင့် ကြံရာပါများက သူမအား ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ရန်ကြိုးစားခဲ့ကြောင်း သူမက စွပ်စွဲခဲ့သည်။ သူမကို ဒေသခံများကအချိန်မီကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly