အိန္ဒိယမှ ဝါ၊ ချည်ခင်၊ သကြားများ ပါကစ္စတန်တင်သွင်းမည်

အိန္ဒိယမှ ဝါ၊ ချည်ခင်၊ သကြားများ ပါကစ္စတန်တင်သွင်းမည်

ဧပြီ ၆

အိန္ဒိယမှ သကြားဖြူတန်ချိန် ဝ.၅ သန်း တင်သွင်းခွင့်ကို ပါကစ္စတန်အစိုးရက မတ်လ ၃၁ရက်နေ့တွင် ခွင့်ပြုလိုက်သည်ဟု ဘဏ္ဍာရေး ဝန်ကြီး ဟာမက်အာဇဟာက ပြောကြားလိုက်ပြီး အိမ်နီးချင်းနိုင်ငံမှ ၂ နှစ်တာတင်သွင်းမှုကို ပိတ်ပင်ထားခြင်းကို အဆုံးသတ်လိုက်သည်။

ယခုနှစ်ဇွန်လတွင် အိန္ဒိယမှ ဝါကိုလည်းတင်သွင်းမည်ဖြစ်သည်ဟု သူက ဆိုသည်။  ယခင်ကအိန္ဒိယမှအပ ကျန်နိုင်ငံအားလုံးမှ ဝါ၊ ချည်ခင်နှင့် သကြားများအားတင်သွင်းခွင့်ပြုခဲ့သည်။

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ဘဏ္ဍာရေးဝန်ကြီးက စီးပွားရေးညှိနှိုင်းဆောင်ရွက်ရေးကောင်စီသည် မတ်လ ၃၁ရက်နေ့ အစည်းအဝေး၌ ဆုံးဖြတ်ချက်ချခဲ့သည်ဟု ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့်နှိုင်းယှဉ်ပါက အိန္ဒိယတွင်သကြားဈေးနှုန်း ၁၅ မှ ၂၀ ရာခိုင်နှုန်းကွာခြားကြောင်း အစိုးရခန့်မှန်းခဲ့သည်ဟု သူက ဆိုသည်။

အိန္ဒိယမှ ဝါတင်သွင်းခွင့်ပြုရသည့် အကြောင်းရင်းမှာ ပါကစ္စတန်၏ ဝယ်လိုအားမြင့်တက်လာမှုနှင့် အထည်အလိပ်တင်ပို့မှုမြင့်တက်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က ဝါအထွက်မကောင်းခြင်းကြောင့် ဖြစ်ကြောင်း အာဇဟာက ပြောကြားခဲ့သည်။

အိန္ဒိယမှ ဝါတင်သွင်းမှုကို ပိတ်ပင်ထားလိုက်ခြင်းကြောင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ အပေါ်တိုက်ရိုက်သက်ရောက်မှုရှိခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝ န် ကြီးဌာန၏ ထောက်ခံချက်အရ အိန္ဒိယနှင့် ဝါကုန်သွယ်မှုပြန်လည်စတင်ရန်ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

 “ဈေးနှုန်းကွာခြားချက်က အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို အကျိုးသက်ရောက်စေပါတယ်။ လုပ်ငန်းကြီးတွေက အီဂျစ်နဲ့ တခြားနိုင်ငံတွေက ဝယ်ယူနိုင်ပါတယ်” တန်ဖိုးမြှင့်အထည်အလိပ်ကဏ္ဍအတွက် ကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အိန္ဒိယမှ ဝါနှင့်ချည်ခင်များတင်သွင်းမှုပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးရန်အတွက် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အထည်အလိပ်ဌာနသည် စီးပွားရေးညှိနှိုင်းဆောင်ရွက်ရေးကောင်စီမှ ခွင့်ပြုချက်ရယူခဲ့သည်။

ဝန်ကြီးဌာနသည် ပါကစ္စတန်ကုန်သွယ်ရေးကော်ပိုရေးရှင်းနှင့် ကုန်ပစ္စည်းတင်သွင်းသူများမှ တစ်ဆင့် အိန္ဒိယမှ သကြားဖြူတင်သွင်းခွင့်ပြုရန်တောင်းခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required