တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို သီရိလင်္ကာအစိုးရက တရားဝင် အသိအမှတ်မပြု ရသေး

တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို သီရိလင်္ကာအစိုးရက တရားဝင် အသိအမှတ်မပြု ရသေး
Photo - AFP

ဧပြီ ၆

သီရိလင်္ကာအစိုးရက တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရားဝင် အသိအမှတ်မပြု ရသေးကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ကာကွယ်ဆေး အလုံး ၆ သိန်း သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိတော့မည်ဟု အစိုးရအဖွဲ့ ပြောခွင့်ရအရာရှိ ဒေါက်တာရာမက်ပက်သီရာနာက ပြောကြားသည်။

သို့သော် အဆိုပါ ကာကွယ်ဆေးများကို သီရိလင်္ကာတွင် နေထိုင်သည့် တရုတ်နိုင်ငံသားများကို ကနဦးထိုးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အမျိုးသား ဆေးဝါးကြီးကြပ်ရေး အာဏာပိုင်အဖွဲ့က (NMRA) က ယင်းကာကွယ်ဆေးကို အသုံးပြုရန် အတည်ပြုချက်မပေးသေးကြောင်း ၎င်းက ပြောကြားသည်။

ယခုချိန်ထိ ရရှိထားသောသတင်းအချက်အလက်များအပေါ် အခြေခံ၍ NMRA က ကာကွယ်ဆေးကို စစ်ဆေး ထားကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

သို့သော် စမ်းသပ်စစ်ဆေးချက် အဆင့်၄ ၏ ရလဒ် မထွက်ရှိသေးကြောင်းလည်း ၎င်းက ပြောကြားသည်။

“အဆင့် ၄ စမ်းသပ်ချက်ကို အင်္ဂလိပ်ဘာသာနဲ့ မထွက်ရှိသေးလို့ WHO က မှတ်ချက်မပြုရသေးပါဘူး။ သီရိလင်္ကာ မှာ အသုံးပြုဖို့တော့ အတည်ပြုထားပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly