မြန်မာပြည်သူများအားစစ်တပ်မှဖိနှိပ်နေခြင်းအပေါ်နီပေါအစိုးရမှအရေးယူဆောင်ရွက်ပေးပါရန် နီပေါ နိုင်ငံသားများ၏ပန်ကြားချက်

မြန်မာပြည်သူများအားစစ်တပ်မှဖိနှိပ်နေခြင်းအပေါ်နီပေါအစိုးရမှအရေးယူဆောင်ရွက်ပေးပါရန် နီပေါ နိုင်ငံသားများ၏ပန်ကြားချက်
Photo - AFP

ဧပြီ ၆

အောက်တွင်လက်မှတ်ရေးထိုးထားသောနီပေါနိုင်ငံသားများသည် မြန်မာပြည်သူများက ဒီမိုကရေစီ ရေးအတွက်ရဲစွမ်းသတ္တိရှိစွာရပ်တည်နေကြသည်ကိုအလွန်ဂုဏ်ယူပါသည်။ တပ်မတော်၏လူ အများကိုသတ်ဖြတ်အကြမ်းဖက်နေခြင်း အပေါ်တုန်လှုပ်ချောက်ချား မိပါသည်။ တောင်အာရှဒေသ တွင်းနှင့် ကမ္ဘာပေါ်ရှိအစိုးရများကလုံလောက်သည့်တုံ့ပြန်ဆောင်ရွက်မှုကိုမတွေ့ရသည့်အတွက် လည်း စိတ်ပျက်ရပါသည်။  

ဒီမိုကရေစီစံတန်ဘိုးများဘက်မှရပ်တည်ပေးပါရန်နှင့် အရေးတော်ပုံကြီးတွင်ပါဝင်ဆင်နွှဲနေကြ သောမြန်မာပြည်သူများဘက်မှရပ်တည်ပေးပါရန် နီပေါအစိုးရကို ကျွန်ုပ်တို့ကအရေးတကြီး တောင်းဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သောအာဏာသိမ်းအစိုးရ ကို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလိုက်နာ၍အာဏာပြန်အပ်ပါရန်စုပေါင်းနိုင်ငံတကာတုံ့ပြန်မှုတရပ် ရရှိရေးအတွက် ဤအရေးသက်သက်နိုင်ငံတကာဆွေးနွေးပွဲတရပ်ခေါ်ယူနိုင်ရန်ကူညီနိုင်ရေး အစိုးရကဆောင်ရွက်ရမည်ဖြစ်ပါသည်။   

တစထက်တစပိုမိုဆိုးရွားလာသောမြန်မာနိုင်ငံတွင်းအကြမ်းဖက်မှုများကြောင့်လွန်ခဲ့သော ၂ လ အတွင်း လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်သည်။ မြန်မာ့တပ်မတော်နေ့ကိုကျင်းပခဲ့သည့် မနေ့ကတရက်တည်းတွင်နိုင်ငံသား ၉၁ ယောက်သေဆုံးခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် အရပ်ဖက် အဖွဲ့အစည်းများမှတက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာ အကျဉ်းကျနေကြသည်။ ထိန်းသိမ်းခံ ထားရသူများအားထောင်တွင်းတွင်ရက်စက်ကြမ်းကြုတ်စွာပြုမူဆက်ဆံသည်ဆိုသောသတင်းများ ကိုလည်းကြားနေရသည်။  

ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား စစ်တပ်ကဒေါသတကြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်နေဆဲမှာ ပင် စစ်တပ်ကပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားကို နိုင်ငံအများအပြားမှသံတမန်များတက် ရောက်သည်ကိုတွေ့ရသည့်အတွက်လည်း တုန်လှုပ်မိပါသည်။  ဆန္ဒပြသူများအနေဖြင့် နောက် ကျောမှ၎င်း နောက်စေ့တွင်၎င်း ပစ်ခတ်ခံရနိုင်သည်ဟု ၂၇ ရက်နေ့က အစိုးရရုပ်မြင်သံကြား မှကြေညာသွားသည်ကိုကြည့်ခြင်းအားဖြင့် စစ်တပ်အနေဖြင့်လူစိတ်မရှိသည်ကို၎င်း၊ သူတို့အနေ ဖြင့်သူတို့၏အာဏာနှင့်ဩဇာကိုဆက်လက်ကာကွယ်သွား မည်ဆိုသည်ကိုပြသနေ ပါသည်။  

တိုင်းပြည်တွင်းတွင်ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းအာဏာတည်စေရန်နှင့် မြန်မာစစ်တပ်နှင့် တာ ဝန်ရှိသူစစ်အရာရှိတဦးချင်းကိုအရေးယူနိုင်ရေး နိုင်ငံတကာလှုပ်ရှားမှုတရပ်ကို ညှိနှိုင်းပြုလုပ်ပေး ပါရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။ မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ်ဆန့်ကျင်ကျူးလွန် သည့်ရာဇဝတ်မှုများကိုကျူးလွန်သူအားလုံးအပေါ် စွဲချက်တင်နိုင်ရေး အထူးသံတမန်အများအပြား နှင့် ညှိနှိုင်း၍ဆောင်ရွက်ပေးပါရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကိုကျွန်ုပ်တို့မေတ္တာရပ်ခံ ပါသည်။ မြန်မာနိုင်ငံတွင်းဖြစ်ပေါ်လျက်ရှိသောဆိုးရွားလှသည့်အခြေအနေများသည် ကုလလုံခြုံ ရေးကောင်စီကပြင်းထန်စွာအရေးယူရန် ထိုက်တန်ပါသည်။ ထိုသို့အရေးယူမှုမျိုးကို ၂၀၀၅ ခုနှစ် ကုလအထွေထွေညီလာခံတွင် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များက အတည်ပြု၍ ‘အကာအကွယ် ပေး ရန်တာဝန်ရှိမှု’ အနေဖြင့်ဆောင်ရွက်ခဲ့ဖူးပါသည်။  

သစ်၊ကျောက်မျက်၊ သဘာဝဓတ်ငွေ့စသည့် မြန်မာပြည်၏သဘာဝသယံဇာတများကို ရယူလိုသည့် အတွက် စစ်တပ်ကိုချော့မြှူအလိုလိုက်ကာ ပြည်သူပြည်သားများအပေါ်ရိတ်လိုသူများကိုလည်း ဆယ်စုနှစ်ပေါင်းများစွာတွေ့ခဲ့ရပြီးဖြစ်ပါသည်။ ကမ္ဘာကြီးသည်မြန်မာပြည်သူများအပေါ်ပိုမိုအာရုံ စိုက်ဂရုစိုက်ဘို့လိုအပ်နေပါသည်။  ထိုပြည်သူများသည် ဒီမိုကရေစီရေးအတွက် မျိုးဆက် အဆက် ဆက် အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ကြပါသည်။ ထိုတိုက်ပွဲများထဲတွင် ၁၉၈၈၊ ၁၉၉၆ နှင့် ၂၀၀၇ ခုနှစ် များကဖြစ်ပွားခဲ့သောအရေးတော်ပုံကြီးများပါဝင်ပါသည်။  

တိုင်းပြည်တွင်းတွင် လူမှုတရားမျှတမှုအတွက်၎င်း၊ ညီမျှခြင်းအတွက်၎င်း၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက်၎င်း၊ နိုင်ငံရေးတွင်အားလုံးပါဝင်နိုင်ရေးအတွက်၎င်း၊ အမျိုးမျိုးသောတိုင်းရင်းသား အင်အားစုများနှင့်လူ့အသိုင်းအဝိုင်းများ၏လိုလားချက်များကိုအသေအချာဖြည့်ဆည်းပေးနိုင်ရေး အတွက်၎င်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ တာဝန်ခံမှုရှိသောအစိုးရတရပ်ရှိနေဘို့ အရေး ကြီးပါသည်။ အမျိုးမျိုးသောတိုင်းရင်းသားအင်အားစုများအကြားရှိနေဆဲဖြစ်သောစိတ်ဝမ်းကွဲမှု များကိုဗဟုဝါဒကျင့်သုံးသော တာဝန်ခံမှုရှိသည့်နိုင်ငံတော်ကသာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။  

ရိုဟင်ဂျာများအပေါ်ဆိုးဆိုးရွားရွားပြုမူဆက်ဆံခဲ့ခြင်းနှင့် အကျိုးဆက်အားဖြင့် လူအများအပြား နိုင်ငံမဲ့ဖြစ်ခဲ့ရခြင်းတွင်လည်း စစ်အာဏာကြီးမားခြင်းနောက်ခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် ဆောင်ဆန်းစုကြည်ခေါင်းဆောင်သည့်အစိုးရတွင် ဒီမိုကရေစီစံနှုံးကျရေးစိတ်ဆန္ဒချို့တဲ့ခဲ့ခြင်း ကြောင့်ဟု ကျွန်ုပ်တို့ကယုံကြည်ပါသည်။  

မပြည့်စုံသော်လည်း ၂၀၀၈ အခြေခံဥပဒေသည် အရပ်သားအစိုးရအုပ်ချုပ်မှုအပြည့်အဝရရှိစေလိမ့် မည်ဟုမျှော်လင့်ခဲ့မှုများသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ဒီချုပ်ပါတီက အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်ကငြင်းပယ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတဲက ဗိုလ်ချုပ်ကြီးများသည်လူထုဆန္ဒကိုနင်းချေပစ်ရန် ဝန်မလေးကြောင်းပြသ ခဲ့ပြီးဖြစ်ပါသည်။  

မြန်မာပြည်သူတို့တောင်းဆိုနေသည့် ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အာလုံးပါဝင်ဆောင် ရွက်ခွင့်ရရေး စသည့်စံတန်ဘိုးများနှင့် ရည်မှန်းချက်များသည် ပြည်သူတို့၏တောင်းဆိုချက်သက် သက်မျှသာမက အာရှဒေသတခုလုံးအတွင်း မြန်မာနိုင်ငံကိုငြိမ်းချမ်းရေးအင်အားစုတရပ်အနေဖြင့် ပေါ်ထွက်လာရေးအတွက်လည်း အရေးပါပါသည်။ မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင် အာရှ နှင့် အရှေ့အာရှတို့အကြားပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ပေးနိုင်စွမ်းလည်းရှိပါသည်။ သို့သော်တိုင်းပြည်သည်ရက်စက်ကြမ်းကြုတ်လှသောစစ်အာဏာရှင်များလက်ထဲတွင်ရှိနေသမျှ ထိုအရာများပေါ်ထွက်လာနိုင်မည်မဟုတ်ပါ။  

ဖွဲ့စည်းပုံအခြေခံဥပဒေအရဒီမိုကရေစီစနစ်ထူထောင်နိုင်ရေးကြိုးပန်းမှုများပျက်သုဉ်းသွားရပြီး စစ်တပ်လက်ထဲတွင် မြန်မာနိုင်ငံနိုင်ငံရေးနောက်ပြန်ဆုတ်သွားခဲ့ရခြင်းအတွက်လည်း အောက် တွင်လက်မှတ်ရေးထိုးထားသူများကရှုတ်ချပါသည်။ ဒီချုပ်ပါတီက လွှတ်တော်နှစ်ရပ်စလုံးတွင် အများစုအနိုင်ရခဲ့သည့် ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးပါရန် ကျွန်ုပ် တို့က နိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းဆိုပါသည်။  

မြန်မာပြည်သူတို့၏အကျိုးစီးပွားကို ဆန့်ကျင်ကာစစ်တပ်ကတောက်လျှောက်အလွဲသုံးစား ပြုလုပ် နေခဲ့သော သူတို့အားအထူးအာဏာများပေးထားသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံပါပြဌာန်းချက်များ ကိုဖယ်ရှားနိုင်ရေးအတွက်ကူညီပေးပါရန် ကမ္ဘာ့အသိုင်းအဝိုင်းကို ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ထို အထူးအာဏာများကို  ငြိမ်းချမ်းရေးနှင့် တစတစအသွင်ကူးပြောင်းရေးမျှော်လင့်ချက်ဖြင့် ပေးအပ် ထားခဲ့ခြင်းဖြစ်ပါသည်။  

လက်မှတ်ရေးထိုးသူများ

  1. Bipin Adhikari
  2. Renu Adhikari (Dr.)
  3. Rem Bishowkarma
  4. Dambar Chemjong
  5. Rajendra Dahal
  6. Kul Chandra Gautam
  7. Jay Prakash Gupta
  8. Arjun Karki (Dr.)
  9. Rameshore Khanal
  10. Mahesh Maskey (Dr.)
  11. Sushil Pyakurel
  12. Kanak Mani Dixit

Contact: +977-9851053209

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly