မြန်မာနိုင်ငံအတွက် R2P အခြေအနေ

မြန်မာနိုင်ငံအတွက် R2P အခြေအနေ

ဧပြီ ၆

မြန်မာနိုင်ငံရှိလက်နက်မဲ့ပြည်သူများသည် နိုင်ငံတော်ကပြုလုပ်သောအကြမ်းဖက်မှုကိုရင်ဆိုင်နေကြရ သည်။ ယင်းအကြမ်းဖက်မှုကိုပြုလုပ်သူစစ်ခေါင်းဆောင်မှာ ရိုဟင်ဂျာများကိုနှိပ်စက်သတ်ဖြတ်မှုများကြောင့် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ဖြင့် နိုင်ငံတကာရာ ဇဝတ်ခုံရုံးသို့အတင်ခံခဲ့ရသူဖြစ်သည်။

အစိုးရအာဏာယန္တရားကိုချုပ်ကိုင်ထားသည့် တပ်မတော်ဗိုလ်ချုပ်ကြီးများသည် လူထုကိုအကာအကွယ်မ ပေးနိုင်ရုံသာမက လူထုကိုအကြမ်းဖက်နေသူ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသူများဖြစ်နေသည်။ ထို့ကြောင့် ပင်ပြည်သူများက လက်နက်မဲ့အရပ်သားဆန္ဒပြသူများကို ကာကွယ်ပေးရန်တာဝန်ရှိမှုအတိုင်း ဆောင်ရွက် ပေးပါရန် နိုင်ငံတကာအသိုင်းအဝိုင်းကိုတိုက်တွန်းနေကြသည်။ အထူးသဖြင့်၂၀၀၅ ခုနှစ် ကုလကမ္ဘာ့ထိပ် သီးညီလာခံ တွင်ချမှတ်ခဲ့သည့် ပြည်သူကိုကာကွယ်ပေးရန်တာဝန်ရှိမှု (R2P) ဖြင့်ထိရောက်သောအရေးယူ ဆောင်ရွက်မှု များပြုလုပ်ပေးပါရန် နိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းဆိုနေကြခြင်းဖြစ်သည်။

ဤတောင်းဆိုချက်ကိုအချို့က ရှုပ်ထွေးမှု၊ သံသယ၊ ဥပက္ခာတို့ဖြင့်ပြုလုပ်ခဲ့ကြသည်၊ လက်ခံခဲ့ကြသည်။  ဤ ဆောင်းပါး၏ရည်ရွယ်ချက်မှာ R2P အကြောင်းအခြေခံအချက်အလက်ပေးရန်ဖြစ်ပါသည်။ ဘာတွေမျှော် လင့်နိုင်သည်၊ ဘာတွေလုပ်ဆောင်နိုင်သည်၊ ဘာတွေလုပ်ဆောင်ခဲ့ဖူးသည်၊ ဘယ်သူတွေကလုပ်နိုင်သည် စ သည့်အချက်အလက်များဖြစ်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအတွင်းရှိနေသော သံသယများပြေပျောက်သွားစေရန် အာတူးပီ အကြောင်း ပူးတွဲ ရေးသားခဲ့သည့် ဂဲရစ်အီဗင် (Gareth Evans) က ယခုအပတ်တွင်ဤသို့ရေးသားခဲ့သည်။ “မြန်မာပြည်ရှိလတ် တလောအကြပ်အတည်းက အာတူးပီ အဖြစ်သတ်မှတ်လုပ်ကိုင်ရန်ရှင်းလင်းစွာတောင်းဆိုနေပါသည်။” မြန် မာနိုင်ငံတွင် အာတူးပီ တုံ့ပြန်မှုကိုအချိန်မီဆောင်ရွက်ရန်အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပျက် နေသည်များမှာ လစ်ဗျားနှင့်ဆီးရီးယားတို့တွင် အစောပိုင်းကာလများက ဖြစ်ပေါ်ခဲ့သည့် ငြိမ်းချမ်းစွာဆန့် ကျင်ဆန္ဒပြနေသူများကိုတဖက်သတ်ဖိနှိပ်နေသည်နှင့်ဆင်တူသည် ဟု သူကပြောသည်။

အစကတဲကရှင်းအောင်ပြောထားဘို့လိုသည့်အချက်တခုရှိသည်။ အာတူးပီ သည် ကုလပဋိညာဉ်စာတန်း အခန်း ၇ ပါ ကုလလုံခြုံရေးကောင်စီက ခွင့်ပြုချက်ပေးသည့် စစ်ရေးအရစွက်ဖက်မှုနှင့်မတူဆိုသည့်အချက် ဖြစ်သည်။ ထိုအချက်ကြောင့်ပင် လက်တွေ့မဖြစ်နိုင်သည့်မျှော်လင့်ချက်များနှင့် ဆန့်ကျင်မှုများကြုံတွေ့နေရ ခြင်းဖြစ်သည်။

အီဗင် ကထိုအချက်ကိုပင်ပွင့်ပွင့်လင်းလင်းအလေးပေးပြောကြားထားသည်။ “တရုတ်နှင့်ရုရှတို့ကို ဗီတိုအာ ဏာဖြင့်မပယ်ချရန်စည်းရုံးဆွဲဆောင်နိုင်သည်ဆိုလျှင်ပင် ပြင်ပစစ်ရေးစွက်ဖက်မှု ဆိုသည်မှာ ယုံကြည်အား ကိုးလောက်သည့်ရွေးလမ်းတခုမဟုတ်ပေ။ တပ်ရရှိနိုင်မှု၊ ဝင်ရောက်စွက်ဖက်လိုစိတ်ရှိသည့်နိုင်ငံ၊ ဆက်စပ် သည့်နှိုင်းနှိုင်းချိန်ချိန်စဉ်းစားရမည့် စံသတ်မှတ်ချက်များ စသည့်ပြဿနာတို့ရှိသည်။
အောက်တွင်ဆက်လက်ဆွေးနွေးရှင်းပြထားသည့်အတိုင်းအာတူးပီ ဆိုသည်မှာ ပိုမိုနက်ရှိုင်းသော ပိုမိုရှုပ် ထွေးပွေလီသောမူဘောင်အတွင်း တဦးနှင့်တဦးအပြန်အလှန်ဆက်စပ်နေသည့် များပြားစုံလင်လှသော ပါဝင်သူများက ဆောင်ရွက်ရသည့်အရေးယူမှုဖြစ်သည်။ အီဗင်ကဤသို့ရှင်းပြသည်။ “R2P တုံ့ပြန်ဆောင် ရွက်မှုတွင်ကျန်ရှိသည့်အချက်များကိုသေချာပေါက်ချမှတ်ရမည်။ ထိုအထဲတွင် အပြစ်ကျူးလွန်သူများကို နာမည်ဖော်ထုတ်အရှက်ရအောင်ပြုလုပ်သည်သာမက ကုလသမဂ္ဂ ကအတည်ပြုသည့် ပစ်မှတ်ထားပိတ် ဆို့အရေးယူမှုများ၊ ကုန်သွယ်ရေးပိတ်ဆို့မှုများ၊ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တွင်စွဲချက်တင်တရား စွဲဆိုမည်ဟု ခြိမ်းခြောက်မှုအထိပါဝင်သည်။

R2P ဆိုတာဘာလဲ
အာတူးပီကိုအမျိုးမျိုးခေါ်ခဲ့ကြသည်။ အယူအဆတခု၊ စိတ်ကူးအကြံအစည်တခု၊ နိုင်ငံတကာဥပဒေ၏မူ၊ နိုင် ငံတကာဥပဒေ၏အယူအဆတခု၊ နိုင်ငံတကာဥပဒေ၏စံ၊ အရေးယူဆောင်ရွက်ရန်မူဘောင် စသည်ဖြင့် အမျိုးမျိုးဖြစ်သည်။ ပစ်ခတ်သတ်ဖြတ်ခံနေရသောပြည်သူများအတွက် အကာအကွယ်ပေးရန်တောင်းဆိုလာ လျှင် အာတူးပီ သည် နည်းလမ်း ၂ ခုဖြင့်စပ်ဆိုင်သည်။ ယင်းတို့မှာ နိုင်ငံတကာဥပဒေ၏မူတခုအဖြစ်၎င်း၊ မူ ဘောင်တခုအဖြစ်၎င်းဖြစ်သည်။ သုံးစွဲရမည့်နည်းလမ်းများမှာ ကမ္ဘာလုံးဆိုင်ရာ၊ နိုင်ငံတကာဆိုင်ရာ နိုင်ငံ ရေးနှင့်ဥပဒေအရအရေးယူမှုတို့ဖြစ်သည်။

R2P ၏မူ
အာတူးပီ ဆိုသည်မှာ နိုင်ငံတကာဥပဒေ၏အထွေထွေမူတရပ်ဖြစ်သည်။ အချုပ်အာဏာပိုင်နိုင်ငံ များသည် ယင်း၏နယ်မြေအတွင်းရှိပြည်သူများကိုရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများမှကာကွယ်ပေးရန်တာဝန် ရှိသည်။ အကယ်၍နိုင်ငံတနိုင်ငံက ထိုသို့ကာကွယ်ပေးရန်ဆန္ဒမရှိလျှင်သော်၎င်း၊ မကာကွယ်ပေးနိုင်လျှင် သော်၎င်းနိုင်ငံတကာအသိုင်းအဝိုင်းတွင်ထိုသို့ကာကွယ်ပေးရန်တာဝန်ရှိလာသည်။ အရေးကြီးသည့်အချက် မှာ အာတူးပီ သည် ဥပဒေလဲမဟုတ်၊ ယန္တရားတရပ်လဲမဟုတ်ဆိုသည့်အချက်ဖြစ်သည်။ ဥပဒေတရပ် ယန္တရားတရပ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အခွင့်အာဏာနှင့်ကျင့်ထုံးများကို ရှင်းရှင်းလင်း လင်းဖော်ပြထားသည်။ အာတူးပီမှာမူထိုသို့မဟုတ်ဘဲ အခြေခံအမှန်တရားနှင့်တန်ဘိုးတို့၏ အထွေထွေမူတ ရပ်မျှသာဖြစ်ပြီး အချုပ်အခြာအာဏာဆိုသည့်စကားရပ်အပေါ်ယနေ့အခြေခံယုံကြည်မှု၏အစိတ်အပိုင်းတ ရပ်သာဖြစ်ပြီး လိုအပ်သလိုပြုမူဆောင်ရွက်ရမည့်အခြေခံသာဖြစ်သည်။

ထို့ကြောင့် အာတူးပီ၏မူမှာ အချုပ်အခြာအာဏာ၏ပိုမိုကျယ်ပြန့်သောမူ၏မရှိမဖြစ်အစိတ်အပိုင်းတရပ် ဖြစ် သည်။ အချုပ်အခြာအာဏာ၏ပိုမိုလွှမ်းမိုးသောအခြေခံအုတ်မြစ်မူဖြစ်သည့် မစွက်ဖက်ရေး ဟူသည့်အချက် နှင့်တိုက်ရိုက်ဆက်စပ်နေပြီး ပဋိပက္ခလည်းဖြစ်လျက်ရှိသည်။

နိုင်ငံတကာဆက်ဆံရေးတွင် အာတူးပီ ရောက်လာရသည်မှာလည်း နိုင်ငံသားများကိုရက်စက်ကြမ်းကြုတ် သည့်ရာဇဝတ်မှုများမှ ကာကွယ်ရာတွင် ပြင်းထန်သည့်အတားအဆီးများကိုကျော်လွှားနိုင်ရန် အချုပ်အခြာ အာဏာဆိုသည်ကို နည်းလမ်းအသစ်ဖြင့်နားလည်နိုင်ရေးအတွက် ၂၀၀၀ စုနှစ်များအတွင်းစတင်စူးစမ်း တွေးခေါ်လာကြခြင်းဖြစ်သည်။ အစဉ်အလာအားဖြင့် အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတနိုင်ငံအဘို့ ယင်း၏နယ်မြေနယ်နမိတ်အတွင်းအရာခပ်သိမ်းကိုအပြည့်အဝထိန်းချုပ်ဆောင်ရွက်ခွင့်ရှိသည်ဟု စဉ်းစား ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်ခွင့်မရှိသည့် အခွင့်အရေးကိုရရှိ ထားခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်လူသားချင်းစာနာထောက်ထားသည့် စွက်ဖက်မှုဆိုသည်မှာ မစွက်ဖက် ရေးမူကို တိုက်ရိုက်ဖောက်ဖျက်ခြင်းဖြစ်ပြီး  နိုင်ငံများကသဘောတူရန်ခက်ခဲရခြင်းအကြောင်းလည်းဖြစ် သည်။

အာတူးပီဖြစ်ရန် နိုင်ငံများအနေနှင့် သူတို့တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏အခွင့်အရေးသာရှိသည် မဟုတ်၊ အကာအကွယ်ပေးရန်တာဝန်ရှိမှုအပါအဝင် အချုပ်အခြာအာဏာဆိုင်ရာတာဝန်ရှိမှုလည်းရှိသည် ဆိုသည့်အချက်ကိုအသိအမှတ်ပြုရန်လိုသည်။ အထူးသဖြင့် သူတို့၏ပိုင်နက်နယ်မြေအတွင်းရှိပြည်သူများ ကိုအကာအကွယ်ပေးရန်ဖြစ်သည်။

ထို့ပြင် သူတို့ကအကာအကွယ်ပေးရန်တာဝန်ရှိမှုကိုမဆောင်ရွက်နိုင်ဟုဆိုပါကထိုအကာအကွယ်ပေးရန်တာ ဝန်သည်ရပ်တန့်သွားသည်မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းထံသို့ရွေ့လျားရောက်ရှိသွားသည်။

အာတူးပီသည်အပြန်အလှန်ကျားကန်ပေးထားသောမူများပေါ်တွင်တည်သည်။ အကာအကွယ်ပေးရန်တာ ဝန်ဆိုင်ရာကမ္ဘာလုံးဆိုင်ရာအဖွဲ့ (GCR2P) က ထိုအချက်များကိုအောက်ပါအတိုင်းအကျဉ်းချုပ်ရှင်းလင်း ထားသည်။

မဏ္ဏိုင် ၁
နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံသားများကို အစုလိုက်အပြုံလိုက်ရက်စက်ကြမ်းကြုတ်စွာကျူးလွန်သည် ရာဇဝတ်မှုကြီး ၄ ခုဖြစ်သော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန် သည့်ရာဇဝတ်မှုများ၊ လူမျိုးတုံးသန့်စင်သည့်ရာဇဝတ်မှုများမှ ကာကွယ်ပေးရန်တာဝန်ရှိသည်။
မဏ္ဏိုင် ၂
နိုင်ငံတခုချင်းစီအနေနှင့်ထိုတာဝန်ရှိမှုများကိုလိုက်နာရေးအတွက် အားပေးရန် အကူအညီပေးရန် ပိုမိုကျယ် ပြန့်သောနိုင်ငံတကာအသိုင်းအဝိုင်းတွင်တာဝန်ရှိသည်။
မဏ္ဏိုင် ၃
နိုင်ငံတနိုင်ငံသည် သူ့နိုင်ငံသားများကိုကာကွယ်ရန် ရှင်းရှင်းလင်းလင်းသိသိသာသာပျက်ကွက်လျှင် သင့်တော်သောစုပေါင်းအရေးယူဆောင်ရွက်မှုကိုလုပ်ဆောင်ရန် ကုလသမဂ္ဂပဋိညာဉ်စာတန်းနှင့်အညီ အချိန်မီ ပြတ်ပြတ်သားသားဆောင်ရွက်ရန်နိုင်ငံတကာအသိုင်းအဝိုင်းကအသင့်ဖြစ်နေရမည်။

အာတူးပီသည် လူသားမျိုးနွယ်ဆိုင်ရာအကြပ်အတည်းအားလုံးနှင့်သက်ဆိုင်သည်မဟုတ်ပေ။ အထူးသဖြင့် ‘ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများ’ နှင့်သာသက်ဆိုင်သည်။ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ် မှုများဆိုသည်မှာ အထူးအမှု ၄ ခုကိုဆိုလိုသည်။ ယင်းတို့မှာ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ နှင့် လူမျိုးတုံးသန့်စင်ခြင်း တို့ဖြစ်သည်။

အာတူးပီ၏အရေးပါမှု
အာတူးပီသည် ယခင်ရှိနေသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ လူသားချင်းစာနာထောက်ထားသည့် တုံ့ပြန် ဆောင်ရွက်မှုများဆိုသည့် ဗဟိုပြုစဉ်းစားချက်မှ ‘အကာအကွယ်ပေးရန်’ ‘ဝင်ရောက်စွက်ဖက်ခြင်း’ ဆို သည့် အချက်သို့ထူးထူးခြားခြားပြောင်းလဲသွားခြင်းဖြစ်သည်။ ဝင်ရောက်စွက်ဖက်ခြင်းကိုအစဉ်အလာအားဖြင့်နား လည်ထားသည်မှာ မည်သို့ပင်မှန်ကန်သည်ဟုအကြောင်းပြသည်ဖြစ်စေ ဝင်ရောက်မစွက်ဖက်ရေးတည်းဟူ သောအခြေခံမူကိုဖောက်ဖျက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံအချုပ်အခြာအာဏာအခြေခံမူကိုလည်း ဖောက်ဖျက်ခြင်းဖြစ်သည်။ ထို့ကြောင့်နိုင်ငံအများအပြားက ဝင်ရောက်စွက်ဖက်ရေးဆိုသည်ကိုလုံးဝလက်မ ခံနိုင်ကြခြင်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများကိုတုံ့ပြန်ရန် နိုင်ငံအများအပြားအတွက် ခက်ခဲရခြင်းအကြောင်းလည်းဖြစ်သည်။

အာတူးပီသည် အချုပ်အခြာအာဏာကို တာဝန်ရှိမှုအတိုင်းအတာဖြင့် အလေးပေးကြည့်မြင်ခြင်းဖြစ်သည်။ အာတူးပီ က အချုပ်အခြာအာဏာကို ပိုမိုပြည့်စုံစွာရှင်းလင်းဖော်ပြသည်။ ယင်းတွင်အကာအကွယ်ပေးရန် တာဝန်ရှိမှုလည်းပါဝင်သည်။ ၂၀၀၅ ခုနှစ်ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် နိုင်ငံပေါင်း ၁၅၀ က အာတူးပီ ကိုလက်ခံခဲ့ရာ၌ အကာအကွယ်ပေးရန်တာဝန်နှင့် မစွက်ဖက်ရေးမူ နှစ်ရပ်ကို ချိန်ခွင်လျှာညီမျှထားရန် တခု ကတခုကိုလုံးဝဆန့်ကျင်ခြင်းမပြုမိစေရန်သဘောတူညီထားခဲ့ကြသည်။ အလွန်တရာခက်ခဲနေဆဲဖြစ်သော် လည်း အလွန်ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အာတူးပီက နိုင်ငံအချုပ်အခြာအာဏာအပေါ် သူတို့နားလည်မှုများနှင့်အညီ နောက်ထပ်ရွေးလမ်းများစွာလမ်းဖွင့်ပေး ထားသည်။

အာတူးပီအခြေခံပေါ်တွင် အရေးယူဆောင်ရွက်ရန် စံသတ်မှတ်ချက်များ - လူသားမျိုးနွယ်အပေါ်ကျူးလွန် သည့်ရာဇဝတ်မှုများ
မင်းအောင်လှိုင်အစိုးရ၏ပြုမူဆောင်ရွက်ခဲ့မှုများသည် နိုင်ငံတကာရာဇဝတ်ခုံရုံးတွင်အမှုတင်တရားစွဲဆိုခဲ့ပါ ကလူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုမြောက်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင် ရာလူ့အခွင့်အရေးအထူးသံတမန် တွမ်အင်ဒရူးက မတ်လ ၁၁ ရက်နေ့ကပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM) ၏အကြီးအကဲဖြစ်သော Nicholas Koumjian ကလည်းအာဏာသိမ်းမှုကိုငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြနေသူများအား ကျူးလွန်နေ သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် အထောက်အထားများကိုစုဆောင်းနေပြီဖြစ် ကြောင်း မတ်လ ၁၇ ရက်နေ့ကပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly