မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်

မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်

ဧပြီ ၅

မြန်မာနိုင်ငံရှိ အခြေအနေများနှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ တွေ့ဆုံဆွေး‌နွေးကြရေးအတွက် မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့က သဘောတူညီခဲ့ကြသည်။

မလေးရှား၀န်ကြီးချုပ် မူယစ်ဒင် ယက်ဆင်နှင့် ဘရူနိုင်းဘုရင် ဆူလ်တန်ဟာဆန်နယ် ဘိုကီးယားတို့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် အစည်းအ‌ဝေးကျင်းပရန်အတွက် လိုအပ်သော ပြင်ဆင်မှုများ ဆောင်ရွက်ရန် ၎င်းတို့၏ သက်ဆိုင်ရာ၀န်ကြီးများနှင့် အကြီးတန်းအရာရှိများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

အပြုသဘောဆောင်ပြီး၊ ငြိမ်းချမ်းသော နည်းလမ်းတစ်ရပ်ဖြင့် မြန်မာနိုင်ငံကို ကူညီသွားရန် အာဆီယံ၏ အဆင်သင့်ရှိမှုကို ခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့သည်။

“မြန်မာနိုင်ငံမှာ လက်ရှိ အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းပြီး တည်ငြိမ်မှု ပြန်ရတာကို မြင်ရဖို့က အာဆီယံရဲ့ အကြီးမားဆုံးအကျိုးတရားထဲမှာ ဆက်ရှိနေပါတယ်” ဟု ဘရူနိုင်းနိုင်ငံ၏ Istana Nurul Iman တော်၀င်နန်းတော်၌ ဧပြီ ၅ ရက်တွင် ကျင်းပသည့် ခေါင်းဆောင်များ၏ ၂၃ ကြိမ်မြောက် နှစ်ပတ်လည်ဆွေးနွေးမှုအပြီးတွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင်ပြောထားသည်။

မလေးရှား၀န်ကြီးချုပ်သည် ဘရူနိုင်းသို့ နှစ်ရက်တာ တရား၀င်ခရီးစဥ် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်သူအားလုံးအနေဖြင့် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းလုပ်ဆောင်ကြရန်နှင့် အစွမ်းကုန် ထိန်းသိမ်းသည်းခံကြရန် မူယစ်ဒင်နှင့် ဘရူနိုင်း ဆူလ်တန်ဘုရင်တို့က တိုက်တွန်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly