ဆွန်နီချင်းတူသော်လည်း ဆော်ဒီပြည်သူအများစုက အိုင်အက်စ်ကို မုန်းတီးဟုဆို

ဆွန်နီချင်းတူသော်လည်း ဆော်ဒီပြည်သူအများစုက အိုင်အက်စ်ကို မုန်းတီးဟုဆို

တီဟီရန်၊ နိုဝင်ဘာ-၂၆ ။             ။ မကြာသေးမီက မဲစစ်တမ်း တစ်ခုအရ  ဆော်ဒီအာရေဗျရှိ ပြည်သူလူထုအများစုကြီးက အိုင်အက်စ် အကြမ်းဖက်အုပ်စုကို မနှစ်မြို့ကြကြောင်း သိရှိရသည်။

စက်တင်ဘာလက Washington Institute for Near East Policy က ကြီးမှူးပြုလုပ်ခဲ့သည့် သုတေသနတစ်ရပ်အရ ၉၂ရာခိုင်နှုန်းသော ဆော်ဒီပြည်သူလူထုကြီးက အိုင်အက်စ်အကြမ်းဖက်အုပ်စုကို မုန်းတီးဆန့်ကျင်ကြပြီး ဆော်ဒီလူထုများကြားတွင် ထိုအုပ်စုမှာ နာမည်ဆိုးဖြင့်သာ ကျော်ကြားနေသည်ဟု ဆိုသည်။

မဲစစ်တန်းပြုစုသူများက အရွယ်ရောက်ပြီး ဆော်ဒီနိုင်ငံသား ၁၀၀၀ကို အင်တာဗျူးရာတွင် တစ်ဝက်ခန့်မှာ ပါရှန်း ပင်လယ်ကွေ့နိုင်ငံတစ်ဝန်းမှ အသက်၃၅နှစ်အောက် လူရွယ်များဖြစ်ကြပြီး ရီယာ့၊ မက္ပာ၊ ဂျက်ဒါနှင့် ဒမ်မန်မြို့ကြီးများတွင် နေထိုင်သူများဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရဲ့ နယ်ပယ်အပိုင်းအခြားအားလုံးက လူထုကြီးကို ကိုယ်စားပြုနိုင်တဲ့ အစုအလိုက် အချိုးကျ နမူနာကောက်ယူပါတယ်ဟု သုတေသနကို ကြီးမှူးပြုလုပ်သည့် အမေရိကန်ပညာရှင်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင် ဒေးဗစ် ပေါလော့က ပြောကြားခဲ့သည်။

စစ်တန်းထဲတွင် ပါဝင်သည့် ဆော်ဒီနိုင်ငံသားများက အိုင်အက်စ်ကို ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ပြကြသည်ဟု ဆိုသည်။

တစ်နှစ်အလွန်က ပြုစုခဲ့တဲ့ စစ်တမ်းနဲ့ ရလဒ်တူနေတာကြောင့် အိုင်အက်စ်တွေက မီဒီယာမှာ ဆွန်နီတွေကို ကိုယ်စားပြုတယ်လို့ ဘယ်လိုပဲ ပြောနေနေ ဆွန်နီအခြေခံဝါဒရဲ့ ခံတပ်ကြီးတစ်ခုသဖွယ်ဖြစ်တဲ့   ဆော်ဒီအာရေဗျမှာတော့ ထောက်ခံမှု မရသလောက်နီးပါးဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်ဟု ပေါလော့က ပြောကြားခဲ့သည်။

စစ်တန်းတွင် ကိုယ့်ကိုယ်ကို ဆွန်နီမွတ်စလင်ဟုပြောသူ ၈၆ရာခိုင်နှုန်း၊ ရှီးယားမွတ်စလင် ၆ရာခိုင်နှုန်းနှင့် မွတ်စလင်အနည်းစု ၈ရာခိုင်နှုန်း ပါဝင်သည်ဟု ဆိုသည်။

အိုင်အက်စ်ဝါဒမှာ ဆော်ဒီအာရေဗျတွင် လွှမ်းမိုးနေပြီး ဘာသာရေးဆရာများက လွတ်လပ်စွာ ဟောပြောနေသည့် အခြေခံဝါဒီသဘောတရားဖြစ်သော ဝါဟာဘီဝါဒ၏ သြဇာအောက်တွင်ရှိနေသည်ဟု ဆိုသည်။

ကနဦးက ဆီးရီးယားအစိုးရကို မတည်မငြိမ်ဖြစ်စေရန် ၂၀၁၂ခုနှစ်တွင် ဂျော်ဒန်၌ စီအိုင်အေက လေ့ကျင့်ပေးခဲ့သည့် အိုင်အက်စ်အကြမ်းဖက်သမားများမှာ ယခုလက်ရှိတွင် ဆီးရီးယားနှင့် အီရတ်အစိတ်အပိုင်းများကို သိမ်းပိုက်ထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် နေရာများတွင် လူထုအပေါ် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required