မြောက်ဒဂုံတွင် ဧည်စာရင်းမတိုင်လျှင် ထောင်ဒဏ်(၃)နှစ်ကျခံရမည်ဟု လိုက်လံကြေညာ

05 April 2021
မြောက်ဒဂုံတွင် ဧည်စာရင်းမတိုင်လျှင် ထောင်ဒဏ်(၃)နှစ်ကျခံရမည်ဟု လိုက်လံကြေညာ

မြောက်ဒဂုံမှာ မတ်လ(၄)ရက်မနေ့က ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီရဲ့တပ်တွေက ရပ်ကွက် အတွင်းလှည့်လည်ကြေညာခဲ့ပါတယ်။မတိုင်ရင်တော့ တစ်ယောက်ကို ထောင်ဒဏ်(၃)နှစ်စီကျခံရမယ်လို့ ကြေညာခဲ့ကြောင်း မြောက်ဒဂုံ(၃၁)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။ ကြေညာတဲ့ရက်ကစလို့ နောက်သုံးရက်အတွင်း အိမ်တွေကို လိုက်လံစစ်ဆေးမယ်လို့ စစ်ကောင်စီတပ်တွေက အတွင်းလမ်းထဲအထိ ဝင်ရောက် ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတွေကပြောပါတယ်။မနက် (၈)နာရီလောက်ကစပြီး တနေ့ကုန် မြောက်ဒဂုံမြို့နယ်အတွင်း စစ်ကားတွေနဲ့လှည့်ပတ်ပြီး အကြိမ်ကြိမ်လိုက်လံကြေညာနေတယ်လို့ မြို့နယ်အတွင်း နေထိုင်သူတွေကပြောပါတယ်။ စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေးယန္တယား’အသက်ဝင်အောင် ဖိအားပေးဆောင်ရွက်နေတာလို့ မြောက်ဒဂုံမြို့နယ်အတွင်း နေထိုင်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly