မန္တလေးမြို့မှာ အာဏာသိမ်း လက်နက်ကိုင်အဖွဲ့က သွားလာနေတဲ့ ဆိုင်ကယ်၊ကားတွေ စစ်ဆေးနေ

မန္တလေးမြို့မှာ အာဏာသိမ်း လက်နက်ကိုင်အဖွဲ့က သွားလာနေတဲ့ ဆိုင်ကယ်၊ကားတွေ စစ်ဆေးနေ

ဧပြီ ၅
အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက မန္တလေးမြို့ နေရာအနှံ့မှာ သွားလာနေတဲ့ ဆိုင်ကယ်၊ကားတွေ  ဧပြီ ၅ ရက်၊မနက်ပိုင်းမှာ စစ်ဆေးနေပါတယ်။

အဓိက ဖုန်းတွေကို စစ်ဆေးတာလို့ အစစ်ဆေးခံရသူ တစ်ဦးကပြောပါတယ်။

"တားတယ်။တူးဘောက်ဖွင့်ခိုင်းပြီး ဆိုင်ကယ်ပေါ်ကဆင်းခိုင်းတယ်။ဖုန်းဖွင့်စစ်တယ်။"လို့ပြောပါတယ်။

ဖုန်းထဲမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဓါတ်ပုံ၊စားသား စတာတွေ ပါရင် ဖမ်းဆီးတာတွေရှိတယ်လို့သိရပါတယ်။အခုလို ဆိုင်ကယ်တွေ ကားတွေရှာဖွေတာကို နေ့စဥ်နီးပါး လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly