ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတဲက မြန်မာစစ်တပ်က အနည်းဆုံး လူ ၅၅၀ ကိုသတ်ဖြတ်ခဲ့ ဟု စည်းရုံးလှုံ့ ဆော်ရေးအဖွဲ့တခုကပြော

ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတဲက မြန်မာစစ်တပ်က အနည်းဆုံး လူ ၅၅၀ ကိုသတ်ဖြတ်ခဲ့ ဟု စည်းရုံးလှုံ့ ဆော်ရေးအဖွဲ့တခုကပြော

၂၀၂၁၊ ဧပြီ ၄

ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွေးကောက်ခံအစိုးရကိုအာဏာသိမ်းဖြုတ်ချလိုက်ပြီးနောက်ပိုင်း စစ်တပ်က အနည်းဆုံး လူပေါင်း ၅၅၀ ကိုသတ်ဖြတ်ခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ဖြစ်သော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကပြောသည်။

လုံခြုံရေးအဖွဲ့များသည် သူတို့အားဆန့်ကျင်သူများကို ရက်စက်စွာနှိမ်နင်းသည့်နည်းဖြင့်တုံ့ပြန်ခဲ့သည်။ လူပေါင်းထောင်ပေါင်းများစွာကိုထိန်းသိမ်းခဲ့ရာ ထိုအထဲတွင် စီအန်အန် သတင်းဌာန က မြန်မာနိုင်ငံ ၏အကြီးဆုံးမြို့တော်ဖြစ်သော ရန်ကုန်တွင်တွေ့ဆုံခဲ့ပြီး မိနစ်ပိုင်းအတွင်းအဖမ်းခံခဲ့ရသော လူ ၁၁ ဦး လည်းပါသည်။  

စီအန်အန်သတင်းဌာနသည် ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဆယ်မိုင်ကုန်းဈေးတွင် ရောက်ရှိစဉ်  ဒေသခံအချို့ ကို တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုအထဲတွင် အမျိုးသမီး ၂ ဦးပါဝင်ပြီး သူတို့ကသတင်းထောက်ကို လက်သုံး ချောင်းထောင်ပြခဲ့သည်။
စီအန်အန်သတင်းအဖွဲ့ ထိုနေရာမှထွက်သွားပြီး ၃ မိနစ်မှ ၅ မိနစ်ခန့်အကြာတွင် လုံခြုံရေးအဖွဲ့ဝင်များက ထို အမျိုးသမီး ၂ ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများကပြောသည်။

ထိုအမျိုးသမီးများသည် ဈေးထဲရှိဆိုင်တဆိုင်တွင်အလုပ်လုပ်သူများဖြစ်သည်။ သူတို့ကိုရွှေပြည်သာစစ် ကြောရေးဌာနသို့ခေါ်ဆောင်သွားသည်ဟု  အမျိုးသမီးများနှင့်ရင်းနှီးသူများကပြောသည်။

စီအန်အန်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခဲ့သူ အမျိုးသမီး ၂ ဦးကိုဖမ်းဆီးခဲ့သည်ဆိုခြင်းမှာမှန်ကန်သည် ဟု တနင်္ဂနွေနေ့က စီအန်အန်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုပြောကြားသည်။

သောကြာနေ့ကဖြစ်ပွားခဲ့သောနောက်ထပ်သီးခြားဖြစ်ရပ်တခုတွင် စီအန်အန်အဖွဲ့သည် ရပ်ကွက် တွင်းနေထိုင်သူများကို ရန်ကုန် မင်္ဂလာဒုံဈေးတွင်တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုတွေ့ဆုံမေးမြန်းမှုအ ပြီးအမျိုးသားတဦးနှင့် အမျိုးသမီးတဦးဖမ်းဆီးခံခဲ့ရသည်။

မင်္ဂလာဒုံတွင်ဖမ်းဆီးခံခဲ့ရသော ၂ ဦး၏ဆွေမျိုးတဦးက စီအန်အန်သတင်းဌာနသို့ချဉ်းကပ်ပြီး ထိုသို့အဖမ်းခံရကြောင်းပြောကြားခဲ့သည်။ စီအန်အန်သတင်းအဖွဲ့ထွက်သွားသည်နှင့်သူ့ကိုလည်း ဖမ်းဆီးခဲ့သည်။  စီအန်အန်သတင်းအဖွဲ့ မင်္ဂလာဒုံသို့သွားပြီးနောက် လူ ၈ ဦးကိုဖမ်းဆီးခဲ့သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ပြောကြားခဲ့သည်။

ထိုသို့ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး စစ်တပ်က ‘ဝမ်းနည်းကြောင်း’ ပြောကြားခဲ့ပြီး ထိုသူများကို တနင်္ဂနွေနေ့အစောပိုင်းတွင်ပြန်လည်လွှတ်ပေးရန် ရန်ကုန်မြို့ရှိလုံခြုံရေးတပ်ဖွဲ့များကိုညွှန်ကြားခဲ့ ပြီးဖြစ်သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောသည်။

သို့သော် အဖမ်းခံရသူများနှင့် နီးစပ်သူတဦး၏ စီအန်အန်သို့ တနင်္ဂနွေနေ့က ပြောကြားချက်အရ အ နည်းဆုံး လူ ၅ ဦးမှာ ရွှေပြည်သာစစ်ကြောရေးစခန်းတွင်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရ (မူရင်းအသုံးအနှုံး) သည် မြန်မာနိုင်ငံတွင် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုအားလုံးကိုနောက်ထပ်မကြေညာ မချင်းဖြတ်တောက်ထားရန်ညွှန်ကြားခဲ့သည်။ ယင်းသည်ထိုအရှေ့တောင်အာရှနိုင်ငံတွင်ဆက်သွယ် ရေးအားလုံးနှင့် စာတိုပေးပို့ဆက်သွယ်မှုအားလုံးကို စစ်တပ်က ဝိုင်းဝန်းထိန်းချုပ်ထားရန်ကြိုးပန်း နေပုံရသည်။

စစ်တပ်ကအစိုးရကိုဖြုတ်ချပြီး ၂ လကြာသည်အထိ မြန်မာနိုင်ငံတွင်လူများက လမ်းမများပေါ် ထွက်၍ ဒီမိုကရေစီရေးအတွက် အကြိမ်ကြိမ်ဆန္ဒပြနေဆဲဖြစ်သည်။

ဖြုတ်ချခံခဲ့ရသော (မူရင်းအသုံးအနှုံး) အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရလျှို့ဝှက်ချက် ဥပဒေကိုဖောက်ဖျက်မှုဖြင့် ကြာသပတေးနေ့က ထပ်မံတရားစွဲဆိုခဲ့သည်။ ထိုအချိန်တွင် လုံခြုံရေး တပ်ဖွဲ့များက ဆန္ဒပြမှုများကိုနှိမ်နင်းနေဆဲဖြစ်သည်။

စစ်အစိုးရ (မူရင်းအသုံးအနှုံး) သည် နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ သတင်းစာဆရာများ၊ လှုပ်ရှား တက်ကြွသူများ၊ ဆန္ဒပြသူများအပါအဝင် လူရာပေါင်းများစွာကို အာဏာသိမ်းပြီးကတဲက ‘အတင်း အကြပ်ပျောက်ကွယ်သွားစေခဲ့သည်’ ဟု လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့ (HRW) ကသောကြာနေ့ကပြောသည်။

AAPP ၏အဆိုအရ သတင်းစာဆရာများ၊ ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများ၊ အစိုးရအရာရှိ များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ စာရေးဆရာများ၊ ကျောင်းသားများ၊ အရပ်သားများ၊ နှင့် ကလေးများပင် အပါအဝင် အနည်းဆုံး လူပေါင်း ၂၇၅၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ် သည် ဟုဧပြီလ ၂ ရက်နေ့ကပြောကြားခဲ့သည်။

စီအန်အန်သတင်းဌာနသည် စစ်တပ်၏ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်ပြီး စစ် တပ်အစောင့်အရှောက်ဖြင့်သတင်းယူနေခြင်းဖြစ်သည်။

“စီအန်အန် သတင်းဌာန မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ရောက်ရှိသတင်းယူပြီးနောက် သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းမှုများရှိခဲ့သည်ကို သိရှိထားပါသည်” ဟု စီအန်အန်သတင်းဌာန ပြောရေးဆိုခွင့် ရှိသူက သောကြာနေ့ကပြောသည်။

“ထိုအကြောင်းနှင့်ပတ်သက်၍ သတင်းအချက်အလက်ရရှိရန် မိမိတို့ကအာဏာပိုင်များကိုဖိအား ပေးလျက်ရှိပါသည်။ ဖမ်းဆီးထားသူအားလုံးကိုကောင်းမွန်စွာလွှတ်ပေးရန်လည်းပြောဆိုခဲ့ပါ သည်” ဟု သူကဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly