ထိုင်ဝမ်သို့ ပထမဆုံးအမျိုးသမီးကိုယ်စားလှယ်ခန့်အပ်ခြင်းကို အမေရိကန်ကအတည်ပြုချက်ပေးရန်ငြင်းဆန်

By Taiwan News
04 April 2021
ထိုင်ဝမ်သို့ ပထမဆုံးအမျိုးသမီးကိုယ်စားလှယ်ခန့်အပ်ခြင်းကို အမေရိကန်ကအတည်ပြုချက်ပေးရန်ငြင်းဆန်

ဧပြီ  ၄

အမေရိကန်က ယခုနှစ်နွေရာသီတွင် ထိုင်ဝမ်သို့ ပထမဆုံးအမျိုးသမီးကိုယ်စားလှယ်အဖြစ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စန်ဒရာအူဒစ်ကိုခန့်အပ်မည်ဟူသော မီဒီယာ၏သတင်းထုတ်ပြန်ချက်များကို ထိုင်ဝမ်နှင့် အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူများက ဧပြီလ၂ရက်တွင် အတည်ပြုချက်ပေးရန် ငြင်းဆန်လိုက်သည်။

ထိုင်ဝမ်ရှိအမေရိကန်အင်စတီကျူ့(AIT) မှလက်ရှိ ဒါရိုက်တာဘရန့်ခရစ်တန်ဆန်က၂၀၁၈ခုနှစ်၊သြဂုတ်လတွင် စတင်တာဝန်ယူခဲ့ပြီး ၂၀၂၁ခုနှစ်တွင်တာဝန်ပြီးဆုံးမည်ဖြစ်သည်။

ထိုင်ဝမ်ရှိအမေရိကန်အင်စတီကျူ့(AIT)၏ရုံးများတွင်တာဝန်ထမ်းဆောင်ခဲ့သောစန်ဒရာအူဒစ်သည်ထိုင်ဝမ်နှင့်အကျွမ်းတဝင်ရှိသူဟု CNA ကသတင်းဖော်ပြထားသည်။ ၂၀၁၉ခုနှစ်၊အောက်တိုဘာလတွင် သူမသည် ထိုင်ဝမ်တွင် ကျင်းပခဲ့သော ပစိဖိတ်ကျွန်းစုများဆိုင်ရာ ဆွေးနွေးပွဲနှင့် ယွီရှန်ဖိုရမ်သို့လည်း တက်ရောက်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် သူမက ထိုင်ဝမ်နှင့် ပစိဖိတ်ရှိလွတ်လပ်သောနိုင်ငံများအကြား သံတမန်ရေးဆက်ဆံရေးကိစ္စရပ်များတွင် ဝါရှင်တန်၏ထောက်ခံမှုကို ထုတ်ဖော်ပြောကြားခဲ့သည်။

သူမ၏အခြားသံတမန်ရေးရာရာထူးများတွင် တရုတ်နိုင်ငံ၌ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်ခဲ့ခြင်းလည်းပါဝင်သည်။ လက်ရှိတရားဝင်ရာထူးမှာ အေပက်၏ အကြီးတန်းအရာရှိနှင့် အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဗျူရို၏ သြစတြေးလျ၊နယူးဇီလန်နှင့်ပစိဖိတ်ကျွန်းများဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။သူမသည်တရုတ်မန်ဒရင်းစကားနှင့်တူရကီစကားပြောဆိုနိုင်သည်။

သို့သော် AIT က တာဝန်ရှိသူပုဂ္ဂိုလ်အပြောင်းအလဲမရှိကြောင်း ဧပြီလ၂ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) မှပြောကြားရာတွင် ၎င်းတို့အနေဖြင့် မီဒီယာသတင်းများအပေါ် မည်သည့် မှတ်ချက်မျှမပေးနိုင်သော်လည်း နှစ်နိုင်ငံဆက်ဆံရေးကိုပိုမိုနက်ရှိုင်းစေရန်အတွက်အမေရိကန်ပြည်ထောင်စု၏ မည်သည့်ကိုယ်စားလှယ်နှင့်မဆို အလုပ်လုပ်ရမည်ဆိုပါ ကပျော်ရွှင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly