တရုတ်က တိဘက်တွင် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဖိနှိပ်မှုများ ရှိနေ

By Zee 5
04 April 2021
တရုတ်က တိဘက်တွင် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဖိနှိပ်မှုများ ရှိနေ

ဧပြီ  ၄

တိဘက်ဒေသ၌ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်များတားမြစ်ခံရခြင်းအပါအဝင် အခွင့်အရေးများကန့်သတ်ခံနေရကြောင်း တိဘက်လူမျိုးများ၏ အခွင့်အရေးများအတွက် လုပ်ဆောင်နေသော အဖွဲ့ အစည်းများ နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့်အဖွဲ့အစည်းများက ပြောကြားသည်ဟု လူ့အခွင့်အရေးချိုးဖောက်မှုပြဿနာများ မြင့်တက်လျှက်ရှိသည့် တိဘက်ဒေသနှင့် ပတ်သက်သည့်  ဒီမိုကရေစီ၊ ဗဟုဝါဒနှင့်လူ့အခွင့်အရေးစင်တာ (CDPHR) ၏နောက်ဆုံးထုတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

မတရားဖမ်းဆီးခြင်း၊နှိပ်စက်ခြင်း၊အတင်းအကျပ်ကိုယ်ဝန်ဖျက်ချခြင်းနှင့်သားကြောဖြတ်ခြင်းများအပါအပါအဝင်အဖမ်းခံရစဉ်ညှင်းပန်းနှိပ်စက်များကိုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

 “တရုတ်အစိုးရနှင့် အာဏာရှင်ကွန်မြူနစ် တရုတ်အုပ်ချုပ်ရေးယန္တရားကခွင့်ပြုထားသည့် ယုံကြည့်လောက်ဖွယ် မရှိသည့် သတင်းအချက်အလက်များကြောင့် တိဘက်လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး အငြင်းပွားစရာများစွာဖြစ်ပေါ်နေသည်ဟုဆိုသည်။”

တိဘက်လူမျိုးများ၏ အခွင့်အရေးအတွက် အလုပ်လုပ်သောလူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများက တိဘက်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို အစီရင်ခံတင်ပြခြင်း၊ တိဘက်တွင်အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်များတားမြစ်ခံရခြင်းအပါအဝင်အခွင့်အရေးများကန့်သတ်ခံနေရကြောင်း အစီရင်ခံတင်ပြကြသည်ဟု ဆိုသည်။

တရုတ်ကွန်မြူနစ်အစိုးရသည် ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်ရှုတ်ချမှုများကိုခံနေရပြီး၊ အဓိကအားဖြင့် ဘာသာရေးနှင့်နိုင်ငံရေးခေါင်းဆောင်ဖြစ်သော ပြည်နှင်ဒဏ်ခံထားရသည့်၁၄ယောက်မြောက်ဒလိုင်းလားမားနှင့် သက်ဆိုင်ကြောင်း တရုတ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ထားသည့်  ယင်းအစီရင်ခံစာတွင် အခိုင်အမာပြောကြားထားသည်။

ထို့အပြင်CDPHR က တရုတ်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်မရှိကြောင်း၊ တိဘက်မီဒီယာများကို တရုတ်ခေါင်းဆောင်ပိုင်းက တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အတိမ်အနက်ကိုတိကျစွာဆုံးဖြတ်ရန် ခက်ခဲစေသည်ဟုဆိုသည်။

တရုတ်၏ ဖိနှိပ်ဖြိုခွဲခြင်းမူဝါဒနှင့်ပတ်သက်၍ “တိဘက်၏ လူ့အခွင့်အရေးအခြေအနေအပေါ်နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ဂရုမစိုက်ဘဲမည်သည့် နိုင်ငံရေးအတိုက်အခံကိုမဆို ကွန်မြူနစ်တရုတ်အစိုးရ၏ ဖိနှိပ်ဖြိုခွဲခြင်းမူဝါဒကတိဘက်နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာကိုပြင်းထန်စွာခြိမ်းခြောက်နေသည် ဟုဆိုသည်။

 “တရုတ်အစိုးရက နိုင်ငံတကာတာဝန်ဝတ္တရားများကို လိုက်နာရန် ရည်ရွယ်ချက်မရှိကြောင်းပြသခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူညီချက်များကို လက်မှတ်ထိုးခြင်းနှင့် အတည်ပြုခြင်းများပြုလုပ်သော်လည်း တရုတ်အစိုးရကဖောက်ဖျက်ကျူးလွန်နေသည်”ဟုထုတ်ပြန်ချက်ကထပ်လောင်းဆိုသည်။

တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသိမှတ်ပြုပြီး တိဘက်လူ့အခွင့်အရေးကာကွယ်ရေးနှင့်စောင့်ရှောက်ရေးအတွက်တရုတ်၏ နိုင်ငံတကာလူ့အခွင့်အရေးတာဝန်ဝတ္တရားများဖောက်ဖျက်နေ မှုကိုအသိအမှတ်ပြုရေးသည်လူ့အခွင့်အရေးစောင့်ရှောက်မှုကိုအလေးထားသော နိုင်ငံတကာအသိုင်းအဝိုင်းအတွက်အရေးကြီးသည်ဟုCDPHR ကအကြံပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly